News Article Photo Poem Video Cartoon Music Radio

Thursday, April 16, 2009

0 comments


ဒေါ်စုလွတ်ရေး ကုလအတွင်းရေးမှူးချုပ် အမေရိကန် အမတ်များနှင့် ရပ်တည်


15 April 2009

အမေရိကန် အထက်လွှတ်တော် အမျိုးသမီးအမတ် ၁၀ ယောက်ထံက မြန်မာစစ်အစိုးရအပေါ် တိုးပြီး ဖိအား ပေးဖို့တိုက်တွန်းတဲ့ စာတစောင် လက်ခံရရှိတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဆိုပါတယ်။


မြန်မာပြည်မှာ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမေရိကန် အထက်လွှတ်တော်အမတ်များနည်းတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း စိုးရိမ် ပူပန်ပါကြောင်း၊ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်ရေး ဘန်ကီမွန်းက ဆက်လက် ဖိအားပေးသွားမယ်လို့ ကုသလမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်က ဗုဒ္ဓဟူးနေ့က ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ ရှေ့နှစ်ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲ ပယ်ဖျက်ရေး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားတဲ့ စာတစောင်ကို အမျိုးသမီး လွှတ်တော်အမတ် ၁၀ ယောက် ရေးသား ပေးပို့ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှာ စစ်ပွဲအကြောင်းပြု မုဒိန်းကျင့်နေတာတွေ ပပျောက်ရေး လိုအပ်ကြောင်းကိုလည်း မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အမျိုးသမီး အထက်လွှတ်တော်အမတ်များအဖွဲ့ရဲ့ စာမှာ ထောက်ပြထားပါတယ်။

အနောက်တိုင်းခေါင်းဆောင်များက စစ်အစိုးရရဲ့ ဖွဲ့စည်းပုံသစ်ကို ရှုတ်ချထားပြီး ရှေ့နှစ် ရွေးကောက်ပွဲဆိုတာကလည်း စစ်တပ် အာဏာ ဆုပ်ကိုင်ထားရေး လုပ်ကိုင်ထားတဲ့ ရွေးကောက်ပွဲအတုကြီးလို့ ဆိုပါတယ်။

Saturday, December 13, 2008

0 comments
ဦးနေဝင်း သမီး ဒေါ်စန္ဒာဝင်းကို လွှတ်ပေးလိုက်ပြီဟု ဘီဘီစီက ပြော Print E-mail



နေအိမ်အကျယ်ချုပ် ကျခံနေရသူ ကွယ်လွန်သူ အာဏာရှင်ဟောင်းကြီး ဦးနေဝင်း၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းကို စစ်အစိုးရက သောကြာနေ့နံနက်က ရန်ကုန်ရှိ နေအိမ်က လွှတ်ပေးလိုက်ကြောင်း ဘီဘီစီ သတင်းတရပ်တွင် ပါရှိသည်။


အသက် ၅၆ နှစ်အရွယ် ဒုတိယဗိုလ်မှူးကြီး ဒေါ်စန္ဒာဝင်းသည် ခင်ပွန်းဖြစ်သူနှင့် သားသုံးယောက်က နိုင်ငံတော် ပုန်ကန်မှုဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရစဉ် အင်ယားကန်ဘောင်ပေါ်ရှိ နေအိမ်တွင် အကျယ်ချုပ် ကျခံခဲ့ရသည့်မှာ ၆ နှစ် ကြာမြင့်အပြီး လွတ်မြောက်လာခြင်း ဖြစ်သည်။


ခြွင်းချက်မရှိ လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ဘီဘီစီ မြန်မာပိုင်းအစီအစဉ်က ပြောသည်။


စစ်အစိုးရက ဦးအေးဇော်ဝင်းနှင့် သားသုံးယောက်ဖြစ်သော အေးနေဝင်း၊ ကျော်နေဝင်းနှင့် ဇွဲနေဝင်းတို့သည် အရှိန်အ၀ါဟောင်းကို အားကိုးကာ လူယုံဖွဲ့၊ လက်ဖွဲ့ အဆောင်အယောင်များ အကူအညီယူကာ အာဏာသိမ်းရန် ကြံစီသည်ဟုဆိုကာ ၂၀၀၂ ခုနှစ်အတွင်းက သေဒဏ် ချမှတ်ထားသည်။

မြန်မာနိုင်ငံ၏ လက်ရှိ ကျင့်သုံးမှုတခုဖြစ်သည့် သေဒဏ်မှာ ပယ်ဖျက်ထားခြင်း မရှိသော်လည်း

သေဒဏ်ပေးထားသူကို နှစ်ရှည် ထောင်ချလေ့ ရှိသည်။

၁၉၈၈ ခုနှစ်တွင် တရားဝင် ရာထူးမှ အနားယူခဲ့သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌကြီး ဦးနေဝင်းသည်လည်း သမီးဖြစ်သူနှင့် အတူ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည်။


ကျောင်းသားများက စတင် ဆန္ဒပြခဲ့ကြပြီး နိုင်ငံအ၀ှမ်း ကူးစက်သွားခဲ့သည့် ဒီမိုကရေစီစနစ် ကူးပြောင်းရေး


လူထုဆန္ဒပြပွဲကြီးများက စစ်ဗိုလ်ချုပ်ကြီးအဖြစ်မှ အရပ်ဘက်ကူးပြောင်းပြီး ၂၆ နှစ်ကြာ အုပ်ချုပ်ခဲ့မှုကို အဆုံးသတ်သွားစေခဲ့ခြင်းလည်း ဖြစ်သည်။

ဒေါ်စန္ဒာဝင်းသည် ဦးနေဝင်း၏ အချစ်ဆုံးသမီးဟု လူသိများပြီး သူမ၏ သားသုံးယောက်မှာလည်း

လမ်းသူရဲဂိုဏ်းဝင် လူဆိုးများဖြစ်သည်ဟု ကျော်ကြားသည်။


ဇော်ရှန် ( mizzima tv )
z-sha +L.a.san

Sunday, November 30, 2008

ကလေး

0 comments

Print E-mail
ကောင်းကင်ကို
တနင်္လာနေ့၊ နိုဝင်ဘာလ 24 2008 18:19 - မြန်မာစံတော်ချိန်


ကလေး အနှစ် နှစ်ဆယ်လုံးလုံး

ကိုယ်ဝန်ဆောင်ပြီး မွေးခဲ့တာတောင်

ထွက်မလာသေးတဲ့ ကလေး။


အင်္ဂုလိမာလ သုတ်မပြောနဲ့

ရွှေဝါရောင်လင်းနေတဲ့ ရင်ဘတ်တွေနဲ့ 

မေတ္တာသုတ် အထပ်ထပ်ရွတ်ခဲ့တာတောင်

ထွက်မလာသေးတဲ့ ကလေး။


နောင်နှစ်ပေါင်းများစွာကို လောင်းကြေးထပ်

ဒိုင်ယာလော့ခ် ဆိုတဲ့ ညှပ်နဲ့ 

ဆွဲထုတ်ပြီးတော့ မွေးရမလား၊


လက်ရုံးတွေကို ဓားလိုသွေး

ခွဲစိတ်ပြီးတော့ မွေးရမလား။


အဖြစ်က

ဇက်သေနေတဲ့ စတီယာရင် တချောင်းနဲ့

ယာဉ်သုံးစီးကို တပြိုင်တည်း မောင်းနေရသလိုမျိုး။


ကလေး ထွက်လာဖို့ လည်း လိုတယ်။

မွေးမွေးချင်း သေမသွားဖို့လည်း လိုတယ်။

မိခင်ရဲ့အသက် မဆုံးရှုံးဖို့လည်း လိုတယ်။


နတ်ကြီးတဲ့ ဝိညာဉ်နှစ်ခုမို့

ဘုရားသခင်က အတင်းလာလုနေတာလား။


အသက် နှစ်ချောင်းက ငါတို့ရဲ့ လက်ထဲမှာ တည်းတည်းကလေး။

မိခင်ရဲ့ ငိုကြွေးသံကလည်း အားလုံးရဲ့ ရင်ထဲမှာ ပဲ့တင်ထပ်နေပြီ။

ကလေးရဲ့ ငိုကြွေးသံကလည်း အားလုံးရဲ့ ရင်ထဲမှာ ပဲ့တင်ထပ်နေပြီ။


ကလေးရဲ့ ဖခင်လည်း

တမလွန်ကနေ ပူပန်နေတော့မယ်။

ဘောလုံးပွဲကြည့် ပရိသတ်တွေလို

အနှစ် နှစ်ဆယ်လုံးလုံး အားပေးခဲ့ကြတဲ့ သူတွေလည်း

အသံတွေ ဝင်ပြီး မောကုန်ကြပြီ။


ဘာပဲဖြစ်ဖြစ့့် 

ဒီကလေးဟာ

ကောင်းကင်ဖျားမှာ တည်းတည်းလေး သီးနေတဲ့ ပတ္တမြားတပွင့်ကို

ချူပေးနိုင်မယ့် တံချူလေး၊

ငါတို့ရှင်အောင် မွေးနိုင်ရင်

လာဘ်လာဘတွေကို ယူဆောင်လာမယ့် ကလေးမို့

အိမ်သားအားလုံးကတော့

ရင်တထိတ်ထိတ်နဲ့ 

အံကိုကြိတ်ပြီး မျှော်နေကြတယ်။

အံကိုကြိတ်ပြီး မျှော်နေကြတယ်။

ကောင်းကင်ကို


(မှတ်ချက်။ ။ ကဗျာမှာ ကောင်းကင်ကို၏ ကိုယ်ပိုင်ဘလော့ဂ်တွင် ဖော်ပြပြီး ဖြစ်သည်။)

သခင်စိတ်ဓာတ်၊ သခင်အကျင့်

0 comments

Print E-mail
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ နိုဝင်ဘာလ 14 2008 17:14 - မြန်မာစံတော်ချိန်



သခင်စိတ်ဓာတ်၊ သခင်အကျင့်''သခင်လား ကျွန်လား

ရိုးရိုးကျင့် မြင့်မြင့်ကြံ

မှန်တာလုပ် ဟုတ်တာပြော'' တဲ့ …

ဒါ … သခင်တယောက်ရဲ့ စိတ်ဓာတ်နဲ့

သခင်တယောက်ရဲ့ အကျင့်မြတ်ပဲ။


သခင်ဆိုတာ

မရသင့်တဲ့ အခွင့်အရေး

ဘယ်သူပေးပေး မယူဘူး၊

"ထမင်းကြမ်းခဲ" ပြလို့

အမြီးနှံ့ပြရတာ

သခင်မဟုတ် ကျွန်ရဲ့အလုပ်ပဲ။


သခင်ဆိုတာ

ဗဟုသုတနဲ့ ယုံကြည်မှုရှိ

စိန်ရွှေငွေ ဏ သ တ န မ တွေ သူမကြည့်

တိုင်းပြည်ရဲ့ တာဝန်ကို သိတယ်။


တိုင်းပြည်နဲ့ မိမိတာဝန်

ချိန်ခွင်လျှာ တင်ကြည့်ရင်

တိုင်းပြည်က အလေးသာတယ်။


ကျွန်ဆိုတာ …

ခံမပြောရဲဘူး

ဟောက်ငေါက်သမျှ ဖိခံ

မှန်မမှန် သူမသိ

သူသိတာက သခင်အလိုကျ အမြီးနှံ့ပြဖို့။


သခင်ဆိုတာ …

ခိုင်းလို့မဟုတ် တာဝန်သိလို့ လုပ်တယ်၊

မဟောက်နဲ့ မငေါက်နဲ့

ကြောက်တတ်တဲ့ အလေ့မရှိ

မမှန်တာ သူသိရင်

ဖွင့်ဟဖို့ ၀န်မလေး

အသက်ပေးဆောင်ရွက်

ဒါ … သခင်စိတ်ဓာတ်နဲ့

သခင်တယောက်ရဲ့ အကျင့်မြတ်ပဲ။


သခင်နဲ့ ကျွန်

ချိန်ခွင်လျှာတင်ကြည့်

သခင်လား? ကျွန်လား?

ခွဲခွဲခြားခြား သိချင်တယ်

ကွဲကွဲပြားပြား သိချင်တယ်

အဖြေ …။


မင်းသုည


၁၃-၁၁-၂၀၀၈

"မျောနေတဲ့ မြစ်"

0 comments

Print E-mail
စိုးနေလင်း
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 15 2008 13:41 - မြန်မာစံတော်ချိန်

(အနှစ် ၂၀ တစေ့တစောင်းစစ်တမ်း)

မျောနေတဲ့ မြစ် တချို့က

ပါးစပ်နဲ့လက်တို့ရဲ့

စိတ်ပျက်စရာအကွဲအပြဲကို

မိတ်ဖက်အဖြစ်လက်တွဲခိုင်းပြီး

အနီးကပ်ဆုံး နေရာတခုမှာ

ဖျာတချပ်ကို ချခင်းလိုက်ဖို့ဖြစ်တယ်။

အသံအကျယ်ဆုံးပြောတတ်ဖို့နဲ့

မျက်နှာထား တည်တည်ထား

စကားလုံး စကားလုံး …

စကားလုံးတွေအားလုံးကို

လေတင်းအောင်ထိုးထားဖို့လိုမယ်။

ပညာရပ်နယ်ပယ်တချို့က

ဖြတ်စ ညှပ်စ သောင်းပြောင်းကောက်

တောက်ပတဲ့ အရာတိုင်းဟာ

ရွှေမဟုတ်ပါ ဆိုပေမယ့်လည်း

ရွှေပဲဖြစ်လိုက်ကြ။

မိတ်ဆွေ…

နှစ်ခါသေဆုံးဖို့ အတွက်

အိပ်မက်မက်ချင်နေပြီလား။

အကွပ်သက်သက်အတွက်ပဲ

ဦးခေါင်းနဲ့ လဲလှယ်ပစ်လိုက်တဲ့ အနုပညာမှာ

ဘာညာဝါဒများနဲ့စံကိုက်

အကြိုက်ဖြစ်ချင်ဖြစ်လိမ့်မယ်

အနိမ့်ပျံ တောင်ပံတွေနဲ့သာ ဟိတ်ဟန်ထုတ်

ဖုတ်ပြီးသား ငါးခြောက်တပြင်ပြင်

ဆိုဇင်ညစ်ဖင်* သာဆိုရင်

"ဟင်" ဆိုပြီး…။

ထီးတချောင်းရဲ့အရိပ်ပူပူအောာက်

စောက်မနက်တဲ့ခြုံပုတ်ပေါ်

စိုင်ကော်လို့ ရောက်ပြီးကြမှ

ခြေထောက်တို့ မည်းနက်သွားခဲ့ကြ။

မိတ်ဆွေ…

ရှူးဖိနပ်ချင်းလဲစီးဖူးရင်

ပင်လယ်ပြင်စစ်စစ်ကို တွေ့လိမ့်မယ်။

ကိုယ်တိုင်ကမှ မီးမထွန်းရဲပဲ

အမှောင်ဖြိုခွဲ လမ်းပြချင်သတဲ့

(ကြားလိုက်ကြရဲ့လား)

ပရိုမီးသီးယပ်စ်+် ရဲ့ ရယ်သံညီးညီး

ကျေးဇူးအပွင့်အသီး

ဆွတ်ခူးစားသုံးပြီးကာမှ

ငါ့ဝမ်းပူဆာ မနေသာ

ရေလွှာလျှေစီး နေချင်လိုက်ကြ။

ပထမဆုံး ခြေတလှမ်းကို

ရဲစွမ်းဝန့်စားသူတွေသာ

စာမျက်နှာများစွာ ဖြတ်သန်း

ကမ္ဘာကြီးကို ထမ်းပိုးသွားကြတာပါပဲ။

မိတ်ဆွေ…

သစ်တောတွေကို ထိမ်းသိမ်းရင်း

မြစ်တစင်းကို သီချင်းဖွဲ့ဆိုကြည့်စမ်းပါ။ ။

o *Solzhenitsyn of Russia
o +Prometheus

ဖောက်ချည်များတဲ့ တောအုပ်

0 comments

Print E-mail
စိုးနေလင်း
အင်္ဂါနေ့၊ နိုဝင်ဘာလ 11 2008 17:16 - မြန်မာစံတော်ချိန်


ဖောက်ချည်များတဲ့ တောအုပ်စူးနေတဲ့ဆူးကို ထွင်ပစ်ဖို့

မြစ်ကို သွက်သွက်စီးဆင်းစေချင်ရဲ့

ကောင်းကင်မဲ့သော လင်းယုန်

လေပြေမဲ့သော သစ်ပင်

ရှင်သန်ခြင်းအဓိပ္ပာယ် ကွယ်ပျောက်

ရေသောက်မြစ်တို့ သွေ့ခြောက်လာခဲ့ပြီ။



တိုင်ချည် ဖောက်ချည်များ စီစဉ်မကျ

အဆင်မလှ အသားမညီ

ကြုံလှီသေးသိမ်လာသော နှလုံးသားများ

မိုးခါးရေထဲ နေသားတကျ

ပင်လယ်ပြင်ကို စွန့်ပစ်ခဲ့ကြ။



အိပ်မက်ဆိုးထဲက လွင့်စင်

ကောင်းကင်ချစ်သူ ငှက်များက

ရွက်ကျပင်ပေါက်ဖြစ်

(တချို့က)

တေးချင်းသစ်ကို ဟစ်ကြွေးခဲ့ကြပြီ

လင်းရောင်ခြည်ကား မလာသေး။



အနှေးရိုက်ချက်များသာ အထပ်ထပ်

တံလျပ်တို့ လက်လက်ထစဲကာလ

အဲဒီ အရှည်မျောဆုံး ညတာမှာ

ဗလာအစုများသာ ပြန့်ကျဲ

ရေ၀ဲကတော့ တခုထဲ

နစ်မြုပ်မသွားကြဖို့ပဲ ဖြစ်တယ်။ ။

စိုးနေလင်း

အနှစ် ၂ဝ

0 comments

Print E-mail
ကဗျာ
မောင်လွမ်းဏီ
အင်္ဂါနေ့၊ အောက်တိုဘာလ 07 2008 11:56 - မြန်မာစံတော်ချိန်

ရှစ်လေးလုံးက ဖွားသစ်
နိုဝင်ဘာ ၁၊ အနှစ် ၂ဝ။

အာဏာရှင်စနစ်
ဆန့်ကျင် ခုတ်ထွင်
နိုဝင်ဘာ ၁ ၊ အနှစ် ၂ဝ ။

တော်လှန်စစ်
နိုဝင်ဘာ ၁ ၊ အနှစ် ၂ဝ ။

လူထုတိုက်ပွဲ
အသည်းရင်ခွင်
နိုဝင်ဘာ ၁ ၊ အနှစ် ၂ဝ ။

လူမျိုးစုံတံတား
ကျောသားရင်သား၊ ယှက်နွယ်ရစ်ငင်
နိုဝင်ဘာ ၁ ၊ အနှစ် ၂ဝ ။

ကာနယ်ချစ်ကာင်းရဲ့
အနှစ် ၂ဝ
မောင်သော်ကရဲ့
အနှစ် ၂ဝ
ကဗျာရေးတဲ့
အနှစ် ၂ဝ
မိတ်ဆွေတွေ ရှား
မိစ္ဆာတွေများ
ပြိတ္တာတွေပွားတဲ့
အနှစ် ၂ဝ။

စာသင်သားတွေ
ပြည်ရွာမြေထဲ
ခြေစွာနေဆဲ
အနှစ်၂ဝ။

တောင်ယာဆန်နဲ့
ဖိနပ်မဲ့
ဓားနဲ့ လှံချစ်
အနှစ် ၂ဝ။

တော်လှန်ရေးသစ္စာ
နိုဝင်ဘာ ၁ ၊ အနှစ် ၂ဝ ။


မောင်လွမ်းဏီ

"အပ်ကြောင်းထပ်တဲ့ ဇာတ်"

0 comments

Print E-mail
စိုးနေလင်း
သောကြာနေ့၊ အောက်တိုဘာလ 03 2008 16:55 - မြန်မာစံတော်ချိန်

Poem ပစ်ခတ်ပေါက်ကွဲသံတွေ…

အော်ဟစ်ငိုကြွေးသံတွေ…

အုံကြွကြွေးကြော်သံတွေ…

ကမ္ဘာမြေပြင်အနှံ့ လွှမ်းဖုံး

မီးခိုးလုံးများ လိပ်လိပ်ထ

နောဧ သင်္ဘောတစင်းလောက် ထပ်ရနိုင်မလား။


တူးခါးစွ... လူ့သမိုင်း

တောရိုင်း တိရိစ္ဆာန် များထက် ရိုင်းစိုင်း

အနှိင်းမဲ့ မိုက်မဲခဲ့ကြ

ပြဿဒ်တို့ မီးလောင်ပြာကျခဲ့ကြပြီ။

ဒါဟာ…ဒဏ္ဍာရီတပုဒ်မဟုတ်

သရုပ်မှန်ဇာတ်ထုပ်

ပေါင်းချုပ်စာအုပ်တအုပ်သာ။


"အလက်ဇင်းဒါးပုပ်#" ရေ….

"ဆိတ်ငြိမ်ဘ၀*" ထဲကလယ်သမားဘဝ

တကယ်များရနိုင်မလား

ခြေတဖ၀ါးစာ မြေသားတစကိုတောင်

ပိုင်ဆိုင်ခွင့်မရ

မဲ့လျှလိုက်ပလေ…

သေဆုံးသွားမယ်ဆိုရင်တောင်

(လူတကိုယ်စာ)

မြေတနေရာ မသေချာဖြစ်ခဲ့ပေါ့။


တခုခုတော့ မှားနေပုံရရဲ့

ကြွင်းရစ်တဲ့ ရိုးပြာကိုသာ

လေနှင်ရာ လွင့်ပါးပစ်လိုက်ကြပါလေ။ ။


# Poet Alexander Pope
* Quiet Life

လိမ္မာရစ်ကြပါ ...

0 comments

Print E-mail
ကဗျာ
မောင်သြ
တနင်္လာနေ့၊ စက်တင်ဘာလ 22 2008 17:40 - မြန်မာစံတော်ချိန်

၂ဝဝ၈ ခုနှစ်ရဲ့

အညစ်ပတ်ဆုံးနေ့

အလိမ်ညာဆုံးနေ့

အကောက်ကျစ်ဆုံးနေ့

အယုတ်မာဆုံးနေ့  အကျည်းတန်ဆုံးနေ့ 

အဲဒီနေ့က မေ (၁ဝ) ရက်နေ့ နှင့်

မေ(၂၄)ရက်နေ့ပဲ ဖြစ်တယ်။


အဲဒီအချိန်က

နာဂစ်မုန်တိုင်းဒဏ်ကြောင့်

ကယ်ဆယ်ရေးတွေ နဲ့

ပြန်လည်ထူထောင်ရေးတွေ ရှုပ်ထွေးနေချိန့့် 

နာဂစ်မုန်တိုင်းဒဏ် ခံရသူတွေ

အသက်အိုးအိမ်စတေး

ငိုကြွေးဆွေးမြေ့ ခံစားနေရသလို့ 

မြန်မာပြည်အနှံ့ ကြားရမြင်ရသူများကလည်း

နာကျင်ကြေကွဲ ဝမ်းနည်းနေကြရတယ်။


အဲဒီအချိန်မှာ အခွင့်ကောင်းယူ

ပြည်သူတွေရဲ့ အသဲကြားက မဲတပြားကို

ဆန်နဲ့လဲ အဝတ်အစားနဲ့လဲ ဆေး၊ အစာနဲ့လဲ

ပြည်သူတွေရဲ့ မျက်ရည်ကို

ခြေနဲ့ဆေးပြီး မတော်မတရားနဲ့

နာဂစ်ကို ခုတုံးလုပ်

အမြတ်ထုတ်ခဲ့ကြတယ်။


ပြည်သူတွေရဲ့ အသဲနှလုံးကို

ဘယ်လိုလိမ်ညာရမလဲ၊

ပြည်သူတွေရဲ့ မျက်လုံးကို

ဘယ်လိုဖောက်ပစ်ရမလဲ၊

ပြည်သူတွေရဲ့ ပါးစပ်ကို

ဘယ်လိုပိတ်ပစ်ရမလဲ၊

ပြည်သူတွေရဲ့ ဦးနှောက်ကို

ဘယ်လိုဖောက်စားရမလဲ၊

ပြည်သူတွေရဲ့ စိတ်ဓါတ်ကို

ဘယ်လိုလှည့်စားရမလဲ့ 

အကြံသမားရဲ့ ကောက်ကျစ်တဲ့ ဥာဏ်နီဥာဏ်နက်

မြေခွေးပင် ရှူံးလောက်ပါရဲ့

ညစ်ပတ်လိမ်ညာ ယုတ်မာကောက်ကျစ်

မိမိအာဏာတည်မြဲရေး တပည့်မွေးပြီး

ပြည်သူ့နှလုံးသွေးကို ညစ်ထေးအောင် အရောင်ဆိုး

ပုဆိန်ရိုး လက်ကိုင်တုတ် စွမ်းအားရှင် ဖွံ့ကြံ့တွေနဲ့

ပြည်သူတွေကို့  ဖြားယောင်းလို ဖြားယောင်း

ခြိမ်းခြောက်လို ခြိမ်းခြောက်

အခွင့်အရေးတွေနဲ့ အယောင်ပြလှည့်စား

စကားအရောင်းအဝယ် လုပ်လိုလုပ်

ကိုယ်ထုတ်တဲ့ ဥပဒေ ကိုယ်တိုင်ရိုက်ချိုး ဖျက်ဆီး

မသမာနည်းနဲ့ မဲခိုးကြတော့

၉၂.၄၈ ရာခိုင်နှုန်း ရသတဲ့

ဟာ .... ဟ ရယ်လည်း ရယ်ရ

အံ့ လည်း အံ့သြရ

ဆင်ကြီး ဂဠုန်ချီ

ခွေးကို ကြောင်ကိုက်

ကြောင်ကို ကြွက်ခုတ်

ကျားကို သမင်ဖမ်း ပရမ်းပတာတွေနဲ့

မယုံချင်စရာ ပုံပြင်သာမှတ်လိုက်ပါတော့

ပြည်သူအများမှာ

အကြောက်တရားနဲ့ ပြားပြားမှောက်နေခဲ့ရတာ

အနှစ် ၂ဝ ပင်တိုင်ခဲ့ပြီ

မင်းတို့ကို မယုံတော့ဘူးဟေ့ .... ။


၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ

ဘယ်သူကျင်းပပေးခဲ့သလဲ ... ရဲရဲဖြေပါ ...

၁/၉ဝ ဘယ်သူရေးဆွဲထုတ်ပြန်ခဲ့သလဲ ...

ရဲရဲဖြေပါ ...

ကိုယ့်ကတိ ကိုယ်မတည်

ကိုယ့်စကား ကိုယ်ဖျက်

ကိုယ့်သိက္ခာ ကိုယ်ချ

ပြည်သူ့ဆန္ဒကို ဆန့်ကျင်

တိုင်းပြည်ရဲ့မျက်နှာ အိုးမည်းသုတ် ...

"၂ဝဝ၈ ခုနှစ် ဆန္ဒခံယူပွဲကျတော့

ပြည်သူ့ ဆန္ဒကို လိုက်နာတဲ့"

၉ဝ ခုနှစ် ပြည်သူ့ဆန္ဒ ကျတော့

Mandate out ပြီတဲ့ ...

လာ လာသေးတဲ့ ဆောင်းပါးရှင် ငဖားတွေ ငကြောင်တွေ

အရှက်မရှိ ကလောင်သရမ်းပြီး

မျက်ကန်း တစ္ဆေမကြောက်

ကဘောက်တိ ကဘောက်ချာတွေရေး

နိုင်ငံကို အမဲစက်စွန်းအောင်

အမှန်တရားကို ဖုန်းကွယ်ပြီး

လံကြုတ်တွေ မရေးကြပါနဲ့ ရပ်တန်းက ရပ်ကြပါ ...

အလင်းကို အမှောင်ချ

အမှန်ကို အမှားလုပ်

ဇာတ်ထုပ် ဇာတ်ညွှန်းတွေ ကလီကမာရေးဆွဲ

ငရဲကို ဇောက်ထိုး ကျမယ်

သံဃာသတ်တဲ့ ပုဂ္ဂိုလ်တွေ

သံဃာ သွေး မြေကျအောင်လုပ်တဲ့ မိစ္ဆာဒိဌိတွေ

သင်တို့အတွက်

မဟာရောရုဝ

မဟာတာပန

အဝီစိ တို့က တံခါးဖွင့်ထားပြီ ...။

ကဲ အချိန်ရှိသေးတယ်

အမှားမှန်းသိ အမှန်ပြင်ကြပါ

အမှန်လမ်းကိုဖောက် ရောက်အောင်လှမ်းကြပါ

သင်တို့အတွက်

"တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းထိုင်ခုံများက

အခွင့်ကောင်းတွေနဲ့ အဖြေမှန်ပေးပါလိမ့်မယ်"

ဆရာတော် ဦးဝိစာရ စကား နှလုံးသွင်းကြ

"လိမ္မာရစ်ကြပါ"

"အမြင့်ပျံ တောင်ပံများ"

0 comments

Print E-mail
စိုးနေလင်း
တနင်္လာနေ့၊ စက်တင်ဘာလ 22 2008 12:43 - မြန်မာစံတော်ချိန်

အမှောင်ညကို ထိုးဖောက်ရင်း

အမှောင်တွင်းနက်ထဲ ကျွံနစ်

ချစ်ခြင်း ကောင်းကင်

မြေပြင် သစ်ပင် ပန်းခင်း

လေညှင်းရနံ့ ပျယ်လွင့်

စူးနင့် ရင်ထဲ စွဲထင်

ဒဏ်ရာနာကျင်နေဆဲ။


အေးခဲ ပင်လယ်ပြင် ကျုံ့ကွေး

ေ၀းပ်….

မှုန်မွကြယ်စင်

သံစဉ် တိုးမျှင်း ညှိုးလျှော့

အသော့နှင် အိပ်မက်မြင်းမောဟိုက်

လောင်မြိုက် နှလုံးသား

တအားခုန်လှုပ်နေဆဲ ။


စီးဆင်းမြဲ မြစ်ကြီးများနောက်မှာ

ဧရာဝတီ….

မှုန်သီစာမျက်နှာဟောင်းနွမ်းအောက်

ခွေခေါက်လဲလျှောင်း

ဦးခေါင်းပြန့်ကားကြီးထွားလာရာမှ

မှိုင်းပျ အ၀ါရောင်ဆေးသားထပ်

သက်ငြိမ်ပန်းချီကားတချပ်ဖြစ်

ခြစ်ခြစ်တောက် နေပူကဲဆဲ ။


ဖြစ်မြဲဓမ္မတာ

ဒါဟာ အနှစ် အထောင် အသောင်းက

တောဥပဒေသ

တောဥပဒေသ တဲ့လား…

အခါးသည်းဆုံး သစ္စာတရားခေါင်းခါ

ကားစင်ပေါ် က ခရစ်တော်

အသက် နဲ့ပေးလျှော်ရင်းစား

လူသားတို့ကို ချစ်သွားခဲ့ ။


ဒီလိုနဲ့ပဲ

အကောင်းဆုံးသစ်ပင်တို့ပြိုလဲ

ရာသီလွန်ကဲဖောက်ဆိုး

တန်ဖိုးကျ မြေသားပေါ် မှာ

ရိုးပြာ အထပ်ထပ် သိပ်သည်း

အကြီးမားဆုံး မီးတောင်တလုံးဖြစ်ခဲ့

(ကောင်းကင်ကို)

အမှတ်တမဲ့ မော့မကြည့်လိုက်ကြပါနဲ့

ငှက်တကောင်ရဲ့ ဘ၀နိဂုံးလို

ပျံသန်းရင်း သေဆုံးကြည့်ရအောင်ပါ။ ။

စိုးနေလင်း

"ဟန်ဆောင်ကောင်းတဲ့ သိပ်သည်းဆ"

0 comments

Print E-mail
ကဗျာ
စိုးနေလင်း
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 10 2008 13:59 - မြန်မာစံတော်ချိန်
မနက်ခင်း ဆိုတာတွေရဲ့ အောက်မှာ
ကြောင်တောင် ဟောက်ပက်
သည်းခြေပျက် မျက်လုံးများရှိတယ်။

ပေါင်းဆုံခြင်း သီအိုရီကို
ဘယ်သူတီထွင်တွေးဆခဲ့ပါသလဲ
ပုံဆောင်ခဲဖြစ်ခွင့်မရခဲ့တဲ့
လေးတွဲ့သက်ပြင်းများရဲ့ဖြစ်စဉ်မှာ
အနာဂတ်ဆိုတာ ဖျာတချပ်လောက်မှ ကျယ်ပြန့်ပါ့မလား
တအားအော်ဟစ်ပေါက်ကွဲပစ်လိုက်ရင်း
အပြင်းစား ရော့ခ်သီချင်းတပုဒ်ဖြစ်သွားရှာတယ်။

ကုန်သွယ်စီးပွားကိစ္စများနဲ့
မြို့ပြရဲ့ ဂုဏ်သိက္ခာကို ဆည်မတဲ့။

အဲဒီအထဲမှာ
ဥနှောက်တခုလပ်တွေကိုပဲ
ရွှေရောင်နဖူးစီးဖိတ်ဖိတ်တပ်
ဇာတ်ကိုဦးစီးသရုပ်ဆောင်စေလို့
ချစ်ဖို့သက်သက်နှလုံးသားအတုများသာ
ကွန်ပြူတာအစီအစဉ်ရေးဆွဲ
လေလံပွဲများ ကျင်းပနေကြ။

"ဟင့်အင်း" လို့
ဘယ်သူငြင်းဖျက်ခေါင်းခါမလဲ။

ဒါနဲ့တောင်မှ အားမရ
ကြက်ဥရောင်ကျောက်ခဲတချို့က
မျိုးရိုးဗီဇနဲ့ဒေသကို ဗဟိုပြု
ကုထုံးတခုအဖြစ်
ခြစ်ခြစ်တောက်နေပူရှိန်နဲ့ပြ
ကကြိုးတခုကိုဖွထုတ်ပစ်လိုက်ပါလေရော။

ဟော…
လျှောကနဲ တိုးထွက်လာတဲ့ မြွှေဆိုးတကောင်က
အာရှ တန်ဖိုးဆိုတာကိုမြိုချ
ပြုံးများတောင်ပြုံးပြလို့။ ။

“နတ္ထိက ကဗျာ”

0 comments

Print E-mail
မျိုးဇေယျ
တနင်္လာနေ့၊ စက်တင်ဘာလ 01 2008 16:28 - မြန်မာစံတော်ချိန်


၁။
လွတ်တဲ့ငါးကြီးတတ်တဲ့သဘာဝက
ငါ့ကို အကြိမ်ကြိမ်ထုထောင်း
“ဇာတ်တော်ကို ပေါင်းလတ်သော်”… ဆိုတာမျိုး
အကျိုးလိုလို့ ညောင်ရေလောင်းကြရင်း…။

မြစ်တစင်း ကော
တောတတော ပြုန်း
တောင်တတောင် ပြို
သည်လိုပုံနဲ့ မိုးကြီးချုပ်ရင်….။

လှေတစင်းနဲ့ သီချင်းသည်ရေ…..
နေညိုပေမယ့် အိမ်ပြန်ခွင့်မရကြ
(တချို့က)
ပွရောင်းရောင်း လေထုဝန်းကျင်မှာသာ
အကြည့်တန်စွာ အသိုက်ဆောက်နေကြ။

၂။
လေးကိုင်းရဲ့ ညွှတ်ပျောင်းမှုအင်အား ဟာ
ပစ်မှတ်ကို အလျှင်အမြန် အပြင်းထန်ဆုံး
ထိမှန်ဖို့သာ…။

ဘာသာဗေဒ သုည များက
ကောင်းကင်ကို လင်းပွင့်စေကြမတဲ့…
အဲဒီ စာမျက်နှာကိုဆုတ်ဖြဲ
ငရဲမီးမှာ လောင်မြိုက်စေ။

ကြွှေလွင့် ကြယ်စင်တွေကပဲ
ရဲမြ ၀ိညဉ် စိုက်ပျိုး
အမှောင်ထုကို ထိုးခွဲပစ်ခဲ့ကြ
အမွှေးလွဆုံး ပန်းသစ်တို့ပွင့်ဝေ
နေပူပြင်းပြင်းထဲမှာ။

၃။
မြေသားကို မမေ့တတ်ကြဖို့ပါပဲ
“သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့် …..”
ပညာရှိသူရဲ့ အနုပညာ ဓမ္မ
သိမှတ်နာယူ အသုံးချ
အကောင်းဆုံး ရှင်သန်ကြဖို့ပဲ ဖြစ်တယ်။ ။

အလင်းပေါက်မှန်တချပ်ရဲ့ည

0 comments

Print E-mail
စိုးနေလင်း
စနေနေ့၊ သြဂုတ်လ 02 2008 12:55 - မြန်မာစံတော်ချိန်

နားထောင် …
ပြောင်ပြောင်တင်းတင်းပဲ
နှစ်ဆယ့်တစ်ရာစု နာဗ့်ကြောသစ်က
ဒဿနတွေကို ခွေပစ်ဖို့
မြို့တော်တွေရဲ့ တံခါးကိုခေါက်
(ပျောက်ဖဲတချပ်ကို စမ်းရင်း)
ကြိုးတန်းလျှောက်ပြကြတော့မယ်။

မီးတောင်တတောင်လိုပေါက်ကွဲ
ဓာတ်ခွဲစမ်းသပ်မှုရလဒ်က
(အနှစ်ခုနစ်ဆယ်ကျော်ကြာမှ)
တံလျှပ်သက်သက်အဖြစ်ကြွေကျ
လွမ်းခန်းများတဲ့ ပြဇာတ်တပုဒ်မှာ
နာတာရှည် လူမမာတယောက် ဖြစ်ခဲ့ရ။

ရာသီဥတုကတော့
ဆော့ကုလားထိုင်တလုံးလိုလှုပ်ရှား
ဈေးကစားချင်နေပုံပါပဲ။

တွင်းနက်ကျဉ်းကျဉ်းထဲက
မျိုးရိုးဗီဇဆဲလ်ပွားမှုအဟုန်မှာ
သာလိကာကောင်လို နှုတ်တိုက်ရွတ်ဆို
မုန်ယိုအတ္တမာန်ခက်ရှ
လှပစွာ အဆိပ်သင့်နေကြရဲ့။

နှင်းဆီတပွင့်အောက်မှာသာ
ဒဏ်ရာအထပ်ထပ်နဲ့
မြင့်မြတ်ရင်ခုန်သံတွေရှိမယ်
လည်ပတ်နေတဲ့ ကမ္ဘာကြီးကို ကြည့်လို့။

သည်လိုနဲ့ပဲ
အမည်းမှောင်ဆုံးတိမ်လိပ်များရဲ့
ပါးလျှလျှငွေနားအကွပ်ကိုမျှော်တ
ညက တစစလေးပိလာ…
အနာဂါတ်တစပြင်ဆိုတာကလည်း
မည်းနက်နက်မျက်လှည့်ပုံးတခုလို။ ။

Thursday, July 17, 2008

0 comments
တောရဲ့တရား

ကြည်အောင်
တနင်္လာနေ့၊ ဂျူလိုင်လ 14 2008 13:18 - မြန်မာစံတော်ချိန်

မျောက်သွေး တခွက်
အင်ဖက် ခွက်ထိုး
မုဆိုးတွေ သောက်ကြ။

ကောက်ညှင်း အရက်နဲ့
မျက်နှာ သစ်ကြ။

အချစ် မရှိ
ထစ်ခနဲ ဆို
ရန် လိုတယ်
ရန် သိုတယ်။

လက် မနှေးနဲ့
အသက်ဘေးဆိုတဲ့ တရားဟာ
စား ပစ်လိုက်
မစားရင် အစားခံရမယ်။

တောရဲ့ တရားဟာ
အားကောင်းသူ ရှင်မယ်
အားနည်းသူ သေမယ်။

ဂျာမန် နစ်ရှေး ဖြစ်ဖြစ်
အင်္ဂလန် ဒါဝင် ဖြစ်ဖြစ်
နှစ်ဆယ်ရာစုနှစ်ရဲ့ တောကြီးထဲမှာ
ဒီတရားဟာ ရှင်သန်ဆဲ။

ဒီတရားရဲ့
ကျမ်း စာရွက်ဟာ
ကျောက်ထက် အက္ခရာလိုပဲ
ဥဿာ ရိုးမ ပဗ္ဗတထဲမှာ
အစိုးတရ ဖြစ်တုန်း
ဝုန်းခနဲ
ကျောက် ကမ်းပါးယံကြီး
တဝေါဝေါ တုန်ဟည်းပြီး
ပြိုဆင်းသွားတယ်။

အောင်လောင် ငှက်
အောင်ချင်း ငှက်တို့ရဲ့
နေ့ခင်း အိပ်မက်လည်း
အစိတ်စိတ် အက် ပြို ကွဲသွားပေါ့။

ရိုးမဟာ
တန်ခိုးအားနဲ့
မိုးသားကို
ဆွဲ ချ မျိုပစ်
တောရဲ့ တရားသစ်ကို
ထုဆစ် ကဗ္ဗည်း တင်နေလေရဲ့။

(မှတ်ချက် - ၁၉၉၄ ခုနှစ်ထုတ် စာပေဂျာနယ် အတွဲ ၂၊ အမှတ် ၁ တွင် ဖော်ပြထားသော ကဗျာ ဖြစ်သည်။ အခက်အခဲများကြောင့် ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းနိုင်ဘဲ ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။)

Saturday, July 5, 2008

0 comments
လူမျက်နှာပျောက်တဲ့ လူသား

ဇေယျာသော်
သောကြာနေ့၊ ဂျူလိုင်လ 04 2008 17:06 - မြန်မာစံတော်ချိန်

လူမျက်နှာပျောက်တဲ့ လူသားလူအချင်းချင်း… မီးထက်ပြင်းတဲ့ ထိုးနှက်မှုတွေ
အချစ်ကို ၀ယ်စားကြသူတွေနဲ့ အချစ်ကို ရောင်းစားကြသူတွေ
ဈေးခေါ်နေတဲ့ စာရိတ္တတွေနဲ့ မေတ္တာမဲ့တဲ့ နှလုံးသားတွေ
ဘယ်သူသေသေ ငတေမာရင်ပြီးရောပေါ့။

ငါတို့ခေတ်မှာ လူသားတွေဟာ
တယောက်ရဲ့အတ္တအတွက် တယောက်က
အခြားတယောက်ရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုး
အသွေးအသားတွေကို ၀ါးမျို
အရိုးတွေနဲ့မီးလှုံ
ယုံကြည်ချက်တွေ တိုးတိုက်မိကြပေါ့….။

ငါတို့ခေတ်မှာ.. ကမ္ဘာရဲ့သစ္စာ
ပျောက်ဆုံးနေတဲ့ လောကပါလ ဟာ..
ဘယ်မှာမှ ရှာမရသလို
အတ္တမျက်မှန်ပြာတွေတပ်
မောဟအမှောင်တိုက်ထဲဝင်…..
ဟင်!
လူသားတွေဟာ လူမျက်နှာတွေ ပျောက်နေကြပြီ။ ။

ဇေယျာသော်

၂၇.၆.၀၈

(ကိုဇေယျာသော်သည် အက်ဆစ် တေးဂီတအဖွဲ့မှ ထင်ရှားသော ဟစ်ဟော့ အဆိုတော်တဦးဖြစ်ပြီး နိုင်ငံရေးမှုဖြင့် ဖမ်းဆီးခံနေရပြီး တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းမှုဖြင့် တရားစွဲဆို ခံနေရသည်။)

Wednesday, July 2, 2008

0 comments
ဒီပရင်္ဂ

ကြည်မောင်သန်း
တနင်္လာနေ့၊ ဇွန်လ 30 2008 10:37 - မြန်မာစံတော်ချိန်

ပုံပြင်ထဲက မြို့လည်းမဟုတ်
ဒဏ္ဍာရီထဲက မြို့လည်းမဟုတ်
ရာဇ၀င်ထဲက မြို့တစ်မြို့
ပုဂံခေတ်ထဲက ရှိတဲ့ မြို့တစ်မြို့
လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀ကျော်တည်းက ရှိတဲ့မြို့တစ်မြို့
သမိုင်းဝင် မြို့တစ်မြို့။

ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်ကနတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ ဒီနာမည် တွင်ခဲ့ရ။

အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးဝေးမှာ မူးမြစ်နဲ့
စိုက်ပျိုးရေးလုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။

သာသနိက အဆောက်အအုံတွေပေါများ
ရဟန်းပညာရှိ လူပညာရှိတွေ ထွန်းကား
တခြားမြို့တွေနဲ့ စီးပွားကူးသန်းသွားလာဖို့ လွယ်ကူ
ဘိုးတော်ဘုရား လက်ထက် စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့ ၁၂ မြို့ထဲက မြို့တစ်မြို့။

အလောင်းဘုရား လက်ထက်မှာ
အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကိုစားရ
ဘိုးတော်ဘုရားလက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့မြို့ဝန်
ဘုံခန်းပျို့ဆရာ အရှင်အဂ္ဂသမာဓိ
စစ်သူကြီး မဟာဗန္ဓုလ
မုံတိုင်ပင် ဆရာအရှင်ဝံသ
အတုလ ဆရာတော် အရှင်ယသ
မြသိန်းတန် ဆရာတော်အရှင်ဇိန
အယူတော်မင်္ဂလာဦးနိုး
ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ

ဒီမြို့မှာ
မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ်
ဒီမြို့ကနေ
ကောက်ကျစ်ယုတ်မာတဲ့ မြို့ဝန်ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်
ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်
ဒီမြို့မှာ
သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်
ဒီမြို့မှာ
လူငယ်လေးတစ်ယောက်
သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်
ဒီမြို့မှာ
အမျိုးသမီးတစ်ယောက်
သေကံမရောက် သက်မပျောက်ဖြစ်ခဲ့ရတယ်
ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ်။

တစ်နေ့တော့
မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်းအခါ သမယမှာ
မိုးရွာဖို့မဆိုထားနဲ့
မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမဲ့
ရုတ်တရက် မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကောပပျောက်သွားအောင်ရွာတဲ့ မိုးမို့
အညာအခေါ် ဆင်ရာတိမ်းမိုးတဲ့လေ။

မုံရွာ-ရေဦးလမ်းကို ဖြတ်သန်းရင်း
ဒီမြို့ကို ကားပေါ်က လှမ်းကြည့်မိတဲ့အခါ
အတိတ်တစ္ဆေက ငါ့ကို ခြောက်လှန့်နေလေရဲ့။ ။

ကြည်မောင်သန်း

ဇွန် ၂၁၊ ၂၀၀၈

(မှတ်ချက် - ဇွန်လထုတ် ချယ်ရီမဂ္ဂဇင်း စာမျက်နှာ ၇ တွင် ပါရှိသော ကဗျာကို ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။ အခက်အခဲများကြောင့် ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခဲ့ပါ။ ယခု ကဗျာ ထဲ့သွင်း ဖော်ပြမှုကြောင့် ချယ်ရီမဂ္ဂဇင်း အယ်ဒီတာ ကိုဌေးအောင်ကို အလုပ်မှထုတ်ပစ်ရန် စာပေစီစစ်ရေးက ဖိအားပေးခဲ့သည်။)


“လမ်းပျောက်နေတဲ့ ပင်လယ်”

စိုးနေလင်း
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 25 2008 18:58 - မြန်မာစံတော်ချိန်

ကိုယ့်ကိုယ်ကို မာန်တင်း အားပေး
ခရီးဝေးသွားနေသူ
သွေးတို့ဆူပွက် လှည့်ပတ်နေဆဲ
သဲထဲရေသွန် နှစ်ကာလများကိုနင်းဖြတ်
ကွက်လပ်တို့ကို ဖြည့်ဆည်းပေးခဲ့၏၊

မသိမိုက်မဲသူတို့သာ
တိမ်လွှ့ာများကြား လျှပ်လက်ပ
"တောဥပဒေသ"
"တောဥပဒေသ" တဲ့
ပွန်းပဲ့တိုက်စား မျောပါ
ရာသီဥတုကို ထိန်းချုပ်လာခဲ့ကြ၏။

"ဗာရဗ"* ကို ထောက်ခံကြမှတော့
ထပ်ကျော့ငိုချင်းသံရှည်က
ဒီ ဖုန်းဆိုးမြေပြင်အဆုံး
အနက်ရှိုင်းဆုံး ချောက်ကမ်းပါးထဲ စူးရှ
(အားလုံး… ကြား ကြားသမျှ…)
ဒါနဲ့ပဲ ပြီးဆုံးသွားကြတော့မှာလား။

ရွက်လွှင့်စရာ ပင်လယ် မရှိ
နေချင့်စဖွယ် မြေပြင် မရှိ
နတ္ထိကပင့်သက်များသာ
ဒီမှာသိပ်သည်း အနယ်ကျ
ညကနက်ဆဲ မိုးမလင်းနိုင်။

ကောင်းကင်တစကို မော့ကြည့်ရင်းသာ
ကဗျာ တပုဒ်ကို ရှာဖွေနေမိရဲ့
သစ္စာ ။ ။

*သမ္မာကျမ်းစာလာ


တူညီမျှပါ... ကူညီကြပါ

ကျော်ဇေယျ
အင်္ဂါနေ့၊ ဇွန်လ 24 2008 14:48 - မြန်မာစံတော်ချိန်

နာဂစ်ရေ
ရွာအဖြစ်တွေကို
ရှာလစ်ဖွေလို့ ပြောပါရစေ။

နှစ်ရက် မေလ
ရတတ်ပွေရ
မျက်ရည်နဲ့ စခဲ့ကြပြီ။

ကောင်းကင်မှာ လေနီကြမ်း
မြေပြင်မှာ ဒီရေလွှမ်း
ပြည်သူတွေ ဘ၀ မျက်ရည်လမ်း
ကျိုးပဲ့သစ်ပင်
မိုးထဲဖြစ်အင်

ကျွဲ၊နွား၊ ၀က်သေ
တဲများပျက်နေ။

ချောင်းရေထုမှာ
အလောင်းတွေစုပါ
သောင်းမြေထု ပမာ။

စာသင်ကျောင်းတွေ
ရွာအပြင် ချောင်းရေမှာ မြောခဲ့ပြီ။

နာဂစ်ရေ
မင်းလာတာက တညပါ
ပြည်သူတွေမှာ ဘ၀နာ
အနိဋ္ဌာရဲ့ စာမျက်နှာ။

စားစရာလဲ မရှိ
ခါးဗလာ နိတ္တိ
သွားစရာလဲ မသိ။
သားလဲမရှိ အားနဲ့ ချိ
သမီး၊ ဇနီး လဲ မရှိ ခရီးလဲ မသိ။

အဖေလဲ သေဘေး
အမေလဲ အနေဝေး
ကြေကွဲနေတဲ့ ကလေးတွေ။

ဆွေးရတတ် ဖြေမရ
သွေးပျက်နေကြ
ကလေးငယ်တွေ ဘ၀။

နေရန်လဲ မရှိ
ရေ၊ ဆန်လဲ မရှိ
သေရန်ပဲ ရှိ။

သင်္ခါရ
ယှဉ်လာမရ
ရင်နာရပြီလေ။

တူ၊သား အရင်းပမာ
လူသားချင်းစာနာ
“တူညီမျှကာ ... ကူညီကြပါ”

ကျော်ဇေယျ(ပညာရေး)
ဘိုကလေး

Monday, June 16, 2008

0 comments
“ထင်းတစရဲ့ည”

စိုးနေလင်း
သောကြာနေ့၊ ဇွန်လ 13 2008 22:40 - မြန်မာစံတော်ချိန်

လေပြင်းမုန်တိုင်း စဲလေပြီ
ဧရာဝတီကား မစီးသေး။

ဗေဒါပျံလည်း အံမခဲနိုင်ရှာ
လတာပြင် ဓနိတော လမုတော
သားငါးပေါသော မြစ်ချောင်းများ
တောတက်ဝါးခုတ် တောင်ယာလုပ်
ထမင်းတလုပ်အတွက် ထင်းခုတ်သောလက်များ
စပါးပြီး စပါး
အားကောင်းမောင်းသန် လက်တန်များ
“ဂွာယာနီးကားမျှ ချုန်းပွဲချ
တစစီ ကြေပြုန်း ကျဲမွခဲ့ကြပြီ။

အဲဒီတယောသံအလိုက်
ငိုရှိုက်သံစဉ်ထပ် တေးသွားများ
နားစည်ကွဲအက် သွေးစက်စက်ယိုစီး
ကြီးစိုးအမှောင် ပိန်းပိတ်အောက်
အညှောက် မပေါက်နိုင်ကြတော့။

လရောင်ဖျော့ဖျော့ကိုတောင်
မိစ္ဆာတောင်ပံတို့ယှက်ဖုံး
တတောလုံးကြွေ တတောင်လုံးကျွမ်း တခွင်လုံးကြေ
လှေလှော်ရင်း ရေငတ်ကြသူများ
“ဂိုဒေါ့”* ကို စောင့်နေခဲ့ကြ၏။

အဲဒီ တတိတိပွန်းစားဖြစ်စဉ်မှာ
(ငါဟာ)
မြစ်ရဲ့ ပြိုနေဆဲ ကမ်းပါးပေါ်က သစ်တပင်
ထရိုဂျင်** မြင်းလည်း ဖြစ်လိုက်ချင်ရဲ့ ။ ။

Thursday, June 12, 2008

0 comments
ကွေ့ချလိုက်တဲ့ မြစ်တစင်းပေါ်က



ငြိမ်းဝေ
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 04 2008 12:49 - မြန်မာစံတော်ချိန်

"ငါတို့ဘဝ
မြစ်များနဲ့ တူရဲ့
သေခြင်းကတော့ ပင်လယ်ကြီးပေါ့"
ဆယ့်ငါးရာစု ကဗျာဆရာ
"ဂျော့မားရစ်" ရဲ့ ကဗျာ
နှစ်ဆယ့်တစ်ရာစုထဲက ငါ
ကြေကွဲစွာ ရွတ်ဆိုမိပေါ့။

ငါလည်း
ငါ့ကိုငါ
မြစ်နဲ့တင်စားခဲ့ဖူးသပ
"ငါဟာ
ပင်လယ်ကို ရှာမတွေ့တဲ့ မြစ်တစင်းလား" ပေါ့။

လူကို
မြစ်နဲ့ တင်စား
ခေတ်ကို
မြစ်နဲ့တင်စား
ထင်ရှားတဲ့ "ကွေ့မှာ ခူးဆွတ်ကြခြင်း" *
မြစ်ဟာ မကွေ့ရင်မလှဘူး
ဒါ့ကြောင့်
ကွေ့လိုက်တယ်ဆိုပါလား။

"ဂျော့မားရစ်" ရဲ့ တင်စားချက်
သေခြင်းတရားကို ပင်လယ်နဲ့နှိုင်း
ဘ၀ကို မြစ်နဲ့နှိုင်း
နှိုင်းလည်း နှိုင်းတတ်ပ
တို့ခေတ်က မြစ်များ
မြစ်ထဲက ခေတ်များ။

ငါတို့ဟာ
မြစ်တော့ မြစ်တွေပါပဲ
ငါတို့ခေတ်မှာ
ခက်ရာ ခက်ဆစ် ထုဆစ်ရတဲ့ မြစ်တွေပါပဲ။

ဒီမြစ်တွေ လှပဖို့
ကွေ့ချလိုက်တာ
"ဒီကွေ့" က
အလှကြီးလွန်းတဲ့ ကွေ့ဖြစ်ရ
မြစ်တွေ သိန်းချီသန်းချီပြီး ကွေ့ချလိုက်ရ
ဒီကွေ့က
ရာစုနှစ် ဆယ်စုမက အတွင်း
ခြေရာအထင်းဆုံး ကွေ့ကြီး တကွေ့။

ငါတို့
ဒီကွေ့မျိုး မခူးဆွတ်ချင်ဘူး
ဒီကွေ့မျိုးနဲ့ မလှပချင်ဘူး
ဒီကွေ့က သဘာဝလွန်ကဲ
ဒီကွေ့က ဓမ္မလွန်ကဲ
ဒီကွေ့က သရုပ်မှန်လွန်ကဲ
ဒီကွေ့က ပဉ္ဓလက်သရုပ်မှန်လွန်ကဲ...။

ဒီကွေ့ကို
"နာဂစ်" ကဖန်တီးတာတဲ့လား
ဒီကွေ့ကို ဒီကွေ့က ဖန်တီးတာလား
ဒီကွေ့ကို
လပ္ပတ္တာ၊ ကျုံမငေး၊ ကွမ်းခြံကုန်းက ဖန်းတီးတာလား
ဒီကွေ့ကို
ထူးအိမ်သင်က ဖန်းတီးတာလား
ဒီကွေ့ကို
နေပြည်တော်က ဖန်တီးတာလား
ဒီကွေ့ကို
လှူဘွယ်ဝတ္တု အကူပစ္စည်းတွေက ဖန်တီးတာလား
ဒီကွေ့ကို
ကူပါ ကယ်ပါ တစာစာက ဖန်တီးတာလား
ဒီကွေ့ကို
မြန်မာ့ဇလဗေဒဌာနက ဖန်တီးတာလား
ဒီကွေ့ကို
ရုပ်ရှင်မင်းသား ကျော်သူ၊ ဇာဂနာ၊ ငှက်ပျော်ကြော်တို့က ဖန်တီးတာလား။

ဘယ်လိုပဲဖြစ်ပစေ
တို့ဟာ မြစ်
မြစ်မို့ မြစ်နဲ့တူအောင်
ကွေ့ချလိုက်ပြီ။

ဒီကွေ့မှာ
ဠင်းတကြီးတကောင် လပ္ပတ္တာမြို့ထိပ်မှာ လာနားသွားတယ်။

ဒီကွေ့မှာ
လူမလာခင်
သော့ခလောက်သံ တချွင်ချွင် အရင်ရောက်လာတယ်။

ဒီကွေ့မှာ
တရားခံအချင်းချင်း ကျောချင်းကပ်သွားနိုင်တယ်။

ဒီကွေ့မှာ
လူ(၁၀)ယောက်
တယောက်လည်မြို တယောက်နင်းဖို့ ချောင်းနေကြတယ်။

ဒီကွေ့မှာ
အလှူရှင်တွေ ပုဆိုးခြုံပြီးမှ လာခဲ့ရတယ်
ဒီကွေ့မှာ
ဆားငန်ရေ တခါဝင်ရုံနဲ့ လယ်တွေမပျက်နိုင်ဘူး
ဒီကွေ့မှာ
နံ့သာရေ ဖြန်းထားတဲ့ အပုတ်နံ့လှိုင်တယ်
ဒီကွေ့မှာ
မှိုနတို၊ ကနဖေါ့
ချော့ကလက်နဲ့ တော့မတန်ဘူး
ဒီကွေ့မှာ
လူတွေ ကားလမ်းဘေးရပ်နေတာ
အမျိုးသားဂုဏ်သိက္ခာထိခိုက်တယ်
ဒီကွေ့မှာ
(၂) ရက်ထဲနဲ့
လူတသိန်းကျော်သေတယ်
ဒီကွေ့မှာ
စစ်တပ်ကြီး ဗိုက်၀၀စားဖို့ အခွင့်ထူးတွေ ရသွားနိုင်တယ်။

ဒီကွေ့မှာ
ဘုရားသခင်က ပန်းသီးကို ဖန်တီး
ဒီကွေ့မှာ
တကိုင်းထဲမှာ သီးတဲ့ပန်းသီးတွေ
ဒီကွေ့မှာ
ငါတို့
ဒီသစ်ကိုင်းပေါ်
နေရောင်ခြည်မရတဲ့ ဘက်မှာသီးတဲ့ ပန်းသီးတွေဖြစ်ခဲ့ပေါ့
ဒီကွေ့မှာ
ဘုရားသခင်က ပျားရည်ရသူကို ဖန်တီး
ဒီကွေ့မှာ
မာန်နတ်က ရေငတ်သူကို ဖန်တီး
ဒီကွေ့မှာ
"ရှဟေ ရာဇဒီ" **အတွက် ပုံပြင်သစ်တပုဒ်ဖန်တီး။

ဒီကွေ့မှာ
ထွက်ပြေးသွားတဲ့ နေရောင်ခြည်ကိုရှာကြ
ဒီကွေ့မှာ
ပြည့်ပြီးမှ ဆုတ်သွားတဲ့ လရောင်ကိုမျှော်ကြ
ဒီကွေ့မှာ
ငြိမ်သက်သွားတဲ့ စစ်မျက်နှာရယ်လို့ မရှိဘူး
ဒီကွေ့မှာ
မက်စီနာကျွန်းကလေးပေါ်က လူတွေ
ငလျင်လှုပ်စဉ်
လာကယ်ဖူးတဲ့ သင်္ဘောတွေ ကမ်းမကပ်ခဲ့
ဒီကွေ့မှာ
တကိုယ်လုံး လောင်မြိုက်နေတဲ့ မြစ်ကြီး
ဒီကွေ့မှာ
တကိုယ်လုံး စင်းကောဖြစ်နေတဲ့ ခေတ်ကြီး
ဒီကွေ့မှာ
နောက်ထပ်ပစ်ကျွေးဖို့ရာ
ငါတို့မှာ
မျက်ရည်နဲ့သွေး မကျန်တော့။

ဒီကွေ့မှာ
တချို့က
လက်အုပ်ချီ ကန်တော့ခံပြီးကြေကွဲပြသတဲ့
ဒီကွေ့မှာ
တချို့က
ရွက်ဖျင်တဲကလေးကိုင်ကြည့်
ခေါင်းကလေးထိကြည့်ပြီး ကြေကွဲပြသတဲ့
ဒီကွေ့မှာ
တချို့က
(၁၆)ရက်ခွာပြီးမှ ကြေကွဲပြသတဲ့
ဒီကွေ့မှာ
တချို့က
(၉၂) ရာခိုင်နှုန်းကျော်နဲ့ ကြေကွဲပြသတဲ့
ဒီကွေ့မှာ
ပြောသမျှစကား
လောက်တဖွားဖွားနဲ့ ကြေကွဲပြသတဲ့။

ဒီကွေ့မှာ
ငါတို့
နောက်တခါ သစ္စာဖောက်တာခံခဲ့ရပြီ
ဒီကွေ့မှာ
ငါတို့
မျိုးဆက်ပွားဖို့အတွက်
ကြဲပက်စရာ မျိုးစေ့မရှိတော့ဘူး။

ဒီကွေ့မှာ
ငါတို့
ဘက်မညီတဲ့ စစ်ကို တိုက်ခဲ့ကြရပြီ။

လာကြ
စစ်ဆိုတာက
စစ်အချင်းချင်းပဲ ငြိတယ်
လာကြ
မြစ်ဆိုတာက
မြစ်အချင်းချင်းပဲ ကြည့်တယ်
လာကြ
ခေတ်ဆိုတာက
ခေတ်အချင်းချင်းပဲ ထိတယ်။

အိုမြစ်ကြီး
အိုခေတ်ကြီး
သင့်ကို ငါတို့ ထမ်းခဲ့ပြီ။

အိုမြစ်ကြီး
အို ခေတ်ကြီး
သင့်ကို ငါတို့ ဆွတ်ခူးလိုက်ကြပြီ
ငါတို့
ဆွတ်ခူးသမျှ
ငါတို့
ဆွတ်ခူးနေသမျှ
ငါတို့မရစရာ ဘာအကြောင်းမျှမရှိ။

ငါတို့
ဟောဒီခေတ်ရဲ့ သစ်မြစ်တွေ
နက်နက်ဆင်းလေ ရေတွေ့လေ။

ငါတို့
မြစ်နဲ့တူသော မြစ်တွေ
ခေတ်နဲ့တူသော ခေတ်တွေ
တူးဆွရပေလိမ့်။

ငါတို့
ရင်းခဲ့ပြီ
ငါတို့
စိုက်ခဲ့ပြီ
ငါတို့
ကွေ့ချလိုက်ပြီးပြီ
အို မြစ်ကြီး
အို ခေတ်ကြီး
သင့်ရေစီးသံ တဒီးဒီး
မောင်းသံ တဟီးဟီး။ ။

ငြိမ်းဝေ


အရိုင်းတေးသံ

မင်းသစ်တည်
ဗုဒ္ဓဟူးနေ့၊ မေလ 21 2008 12:59 - မြန်မာစံတော်ချိန်

မသိကျိုးကျွံ ပြုခံထားရတဲ.

အုပ်ထိန်းသူမဲ့ ကလေးတယောက်ပါ ။


သူ့ရင်ထဲက အိပ်မက်ဟာ

ငှက်တကောင် ဖြစ်ချင်လိမ့်မယ် ။


သူ့ရင်ထဲက မကျေမနပ်ခံစားချက်ဟာ

တူတချောင်းဖြစ်နေလိမ့်မယ် ။


သူ့ရင်ထဲက အတွေးအခေါ်ဟာ

ပန်းခင်းနဲ့ အစာရေစာဖြစ်တယ် ။


သူ့ရင်ထဲက အမှန်တရားဟာ

ငွေစက္ကူနဲ့ ဆဲဆိုသံတွေဖြစ်တယ် ။


သူပြဌာန်းမယ်. ဘ၀အဘိဓာန်ဟာ

တော်လှန်ခြင်းဆိုရင် မမှားပေဘူး

သူသိတဲ့ကမ္ဘာဟာ…..ခုထက်ထိမလွတ်လပ်နိုင်သေးလို့ပဲ။ ။


ဝဋ်ကြွေး

မင်းသစ်တည်
ဗုဒ္ဓဟူးနေ့၊ မေလ 21 2008 13:55 - မြန်မာစံတော်ချိန်

ရန်ကုန်ဟာ

နာဂစ်……..ကြောင့်

ရင်ဘတ်မလုံတဲ့

လူတယောက် ဖြစ်ခဲ့ရပြီ ။ ။




Tuesday, May 20, 2008

0 comments
ဖြတ်

X၀ိုက်ဇက်
အင်္ဂါနေ့၊ မေလ 20 2008 19:14 - မြန်မာစံတော်ချိန်

ပထမ

သတင်းအမှောင်ချတယ်

ထမင်းအမှောင်ချတယ်

ရေဖြတ်

မီးဖြတ်

ဖုန်းဖြတ်

အားလုံးကို ဖြတ်တောက်တယ်။



မိခင်တခြား၊ ကလေးငယ်တခြား

မယားတကွဲ၊ သားတကွဲ

ဒကာတခြား၊ ဆရာတခြား

တချို့ သေကွဲ

တချို့ ရှင်ကွဲ

ဒင်းတို့ ဖြတ်လိုက်တာ။



ရန်သူမျိုး (၅) ပါးနဲ့ တိုင်းပြည်မှာ

အခု အမှောင်ကျနေပြန်ပြီ၊

ဒါတောင် ဒင်းတို့က ဖြတ်လို့ကောင်းတုန်း။


X၀ိုက်ဇက်



" မိရိုးဖလာ… "


ထက်ဇော်
အင်္ဂါနေ့၊ မေလ 20 2008 19:12 - မြန်မာစံတော်ချိန်

ကောင်းကင်နက်က ကြယ်တွေ ကြွေစေတယ်…။

တိတ်ဆိတ်ညိုးညံနေတဲ့
ဖြူလွှလွှ တောက်လောင်မှုတွေ…။

အစိမ်းရင့်ရင့် ပွင့်စေတဲ့
နီးဆွေးဆွေး သံလွင်ခက်တွေ….။

အဓိပတိလမ်းဘေးက
အညတရ ကံ့ကော်ကြွေတွေ…။

တေးတ၀က်နဲ့ ခန္ဓာပျက်ခဲ့တဲ့
ထနောင်းပင်ထက်က ချိုးငယ်တွေ…။

မိုးအလင်း ဇာတ်ထုပ်တခုထဲက
ငုတ်တုတ်မိုးချုပ်ခဲ့ပြီး အိမ်ပြန်မရောက်တဲ့ ကဗျာအိုတွေ….။

ဒါဟာ … ဒို့ရေးတဲ့ သမိုင်းလား…..။

ရေးပြီးသား ဖတ်စာတအုပ်လား….။

ဆပ်ရန်လက်ကျန်ရှိ အကြွေးစာရင်းလား….။

……. …….. …….. လား…။

……. …….. …….. လား…။

……. …….. …….. လား…။

"ဘ၀" ဆိုတာ "ခဏ" လေးပါကွာဆိုပြီး
"ခဏ" ဆိုတာ " ဘ၀" ပဲဆိုတာမေ့လျော့
ညတွေထဲမှာ ကြယ်တွေကို
ပလုံစီဂီတတွေ၊ အညှီအဟောက်တွေ
စီးကရက်တွေ၊ မိန်းမပျက်တွေ နဲ့ မြှား

ဒီလိုနဲ့ …..
နေ၀င်ရီတရောမှာ အမှန်တရားနဲ့ လက်ဆွဲနှုတ်ဆက်
ကျော်ဖတ်ရန်နဲ့ မရေးဖြစ်တော့တဲ့ စာမျက်နှာတွေအကြောင်း
ထောင်းနမောင်းထ၊ ဖွာလန်ကြဲဆွေးနွေးပြီး
ကိုယ့်ကိုကိုယ် ပြန်မြည်းနေမိတာ ကြာပေါ့….။

ဟုတ်တယ်…..
ကောင်းကင်နက်က ကြယ်တွေကြွေစေတယ်လို့လေ…..။

ထက်ဇော်

Thursday, May 8, 2008

0 comments
မေပိတောက်

AMT
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 23 2008 18:28 - မြန်မာစံတော်ချိန်

ပထမ
သူတို့ က တိုင်းပြည်ကို အသေပစ်ဖမ်းဖို့ လုပ်တယ်
အရှက်တွေသာ အရွယ်ရောက်သွားခဲ့ပေါ့

နောက်
အရှင်ဖမ်းဖို့ ထပ်ကြံတယ်
ပြည်သူကိုယ်စီ
ပုခုံးကိုယ်စီနဲ့ 
မေလကို ထမ်းပြန်ခဲ့ပေါ့

တဆင့်ပြီး တဆင့်
တရစ်ပြီး တရစ်
နှစ်ကာလတွေကို အသေအချာကျစ်ပြီး
တိုင်းပြည်ကို ထောင်ဖမ်းဖို့ထပ်ကြံတယ်
စက်တင်ဘာ တောအမှောက်ခံခဲ့ရပေါ့

may-pa-tauke.jpg ခုတချီ
မဲပုံးထဲ လက်တဆုံးနှိုက်ပြီး
တိုင်းပြည်ကို လိုက်စမ်းနေမလား
ပြဿနာ အလုံးစုံကိုပဲ
မဲပုံးထဲ ထည့်ဖွက်ဦးမလား

ငါတို့မှာ တိုင်းပြည်ရှိတယ်
ငါတို့မှာ မေလရှိတယ်
စိတ်ချ
သိက္ခာရှိတဲ့ ပိတောက်တွေလက်က
မေလဟာ ဘယ်တုန်းကမှ လွတ်ကျမသွားခဲ့ဘူး။ ......။

AMT

 

Copyright 2008 All Rights Reserved Revolution Two Church theme by Brian Gardner Converted into Magazine Template by Bloganol dot com