စိုးနေလင်း | |
သောကြာနေ့၊ အောက်တိုဘာလ 03 2008 16:55 - မြန်မာစံတော်ချိန် | |
ပစ်ခတ်ပေါက်ကွဲသံတွေ… အော်ဟစ်ငိုကြွေးသံတွေ… အုံကြွကြွေးကြော်သံတွေ… ကမ္ဘာမြေပြင်အနှံ့ လွှမ်းဖုံး မီးခိုးလုံးများ လိပ်လိပ်ထ နောဧ သင်္ဘောတစင်းလောက် ထပ်ရနိုင်မလား။ တူးခါးစွ... လူ့သမိုင်း တောရိုင်း တိရိစ္ဆာန် များထက် ရိုင်းစိုင်း အနှိင်းမဲ့ မိုက်မဲခဲ့ကြ ပြဿဒ်တို့ မီးလောင်ပြာကျခဲ့ကြပြီ။ ဒါဟာ…ဒဏ္ဍာရီတပုဒ်မဟုတ် သရုပ်မှန်ဇာတ်ထုပ် ပေါင်းချုပ်စာအုပ်တအုပ်သာ။ "အလက်ဇင်းဒါးပုပ်#" ရေ…. "ဆိတ်ငြိမ်ဘ၀*" ထဲကလယ်သမားဘ၀ တကယ်များရနိုင်မလား ခြေတဖ၀ါးစာ မြေသားတစကိုတောင် ပိုင်ဆိုင်ခွင့်မရ မဲ့လျှလိုက်ပလေ… သေဆုံးသွားမယ်ဆိုရင်တောင် (လူတကိုယ်စာ) မြေတနေရာ မသေချာဖြစ်ခဲ့ပေါ့။ တခုခုတော့ မှားနေပုံရရဲ့ ကြွင်းရစ်တဲ့ ရိုးပြာကိုသာ လေနှင်ရာ လွင့်ပါးပစ်လိုက်ကြပါလေ။ ။ # Poet Alexander Pope * Quiet Life
|
Sunday, November 30, 2008
"အပ်ကြောင်းထပ်တဲ့ ဇာတ်"
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment