ကဗျာ |
မောင်လွမ်းဏီ |
အင်္ဂါနေ့၊ အောက်တိုဘာလ 07 2008 11:56 - မြန်မာစံတော်ချိန် |
ရှစ်လေးလုံးက ဖွားသစ် နိုဝင်ဘာ ၁၊ အနှစ် ၂ဝ။ အာဏာရှင်စနစ် ဆန့်ကျင် ခုတ်ထွင် နိုဝင်ဘာ ၁ ၊ အနှစ် ၂ဝ ။ တော်လှန်စစ် နိုဝင်ဘာ ၁ ၊ အနှစ် ၂ဝ ။ လူထုတိုက်ပွဲ အသည်းရင်ခွင် နိုဝင်ဘာ ၁ ၊ အနှစ် ၂ဝ ။ လူမျိုးစုံတံတား ကျောသားရင်သား၊ ယှက်နွယ်ရစ်ငင် နိုဝင်ဘာ ၁ ၊ အနှစ် ၂ဝ ။ ကာနယ်ချစ်ကာင်းရဲ့ အနှစ် ၂ဝ မောင်သော်ကရဲ့ အနှစ် ၂ဝ ကဗျာရေးတဲ့ အနှစ် ၂ဝ မိတ်ဆွေတွေ ရှား မိစ္ဆာတွေများ ပြိတ္တာတွေပွားတဲ့ အနှစ် ၂ဝ။ စာသင်သားတွေ ပြည်ရွာမြေထဲ ခြေစွာနေဆဲ အနှစ်၂ဝ။ တောင်ယာဆန်နဲ့ ဖိနပ်မဲ့ ဓားနဲ့ လှံချစ် အနှစ် ၂ဝ။ တော်လှန်ရေးသစ္စာ နိုဝင်ဘာ ၁ ၊ အနှစ် ၂ဝ ။ မောင်လွမ်းဏီ |
Sunday, November 30, 2008
အနှစ် ၂ဝ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment