စိုးနေလင်း |
တနင်္လာနေ့၊ စက်တင်ဘာလ 22 2008 12:43 - မြန်မာစံတော်ချိန် |
အမှောင်ညကို ထိုးဖောက်ရင်း အမှောင်တွင်းနက်ထဲ ကျွံနစ် ချစ်ခြင်း ကောင်းကင် မြေပြင် သစ်ပင် ပန်းခင်း လေညှင်းရနံ့ ပျယ်လွင့် စူးနင့် ရင်ထဲ စွဲထင် ဒဏ်ရာနာကျင်နေဆဲ။ အေးခဲ ပင်လယ်ပြင် ကျုံ့ကွေး ဝေးပျ…. မှုန်မွကြယ်စင် သံစဉ် တိုးမျှင်း ညှိုးလျှော့ အသော့နှင် အိပ်မက်မြင်းမောဟိုက် လောင်မြိုက် နှလုံးသား တအားခုန်လှုပ်နေဆဲ ။ စီးဆင်းမြဲ မြစ်ကြီးများနောက်မှာ ဧရာဝတီ…. မှုန်သီစာမျက်နှာဟောင်းနွမ်းအောက် ခွေခေါက်လဲလျှောင်း ဦးခေါင်းပြန့်ကားကြီးထွားလာရာမှ မှိုင်းပျ အ၀ါရောင်ဆေးသားထပ် သက်ငြိမ်ပန်းချီကားတချပ်ဖြစ် ခြစ်ခြစ်တောက် နေပူကဲဆဲ ။ ဖြစ်မြဲဓမ္မတာ ဒါဟာ အနှစ် အထောင် အသောင်းက တောဥပဒေသ တောဥပဒေသ တဲ့လား… အခါးသည်းဆုံး သစ္စာတရားခေါင်းခါ ကားစင်ပေါ် က ခရစ်တော် အသက် နဲ့ပေးလျှော်ရင်းစား လူသားတို့ကို ချစ်သွားခဲ့ ။ ဒီလိုနဲ့ပဲ အကောင်းဆုံးသစ်ပင်တို့ပြိုလဲ ရာသီလွန်ကဲဖောက်ဆိုး တန်ဖိုးကျ မြေသားပေါ် မှာ ရိုးပြာ အထပ်ထပ် သိပ်သည်း အကြီးမားဆုံး မီးတောင်တလုံးဖြစ်ခဲ့ (ကောင်းကင်ကို) အမှတ်တမဲ့ မော့မကြည့်လိုက်ကြပါနဲ့ ငှက်တကောင်ရဲ့ ဘ၀နိဂုံးလို ပျံသန်းရင်း သေဆုံးကြည့်ရအောင်ပါ။ ။ စိုးနေလင်း |
Sunday, November 30, 2008
"အမြင့်ပျံ တောင်ပံများ"
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment