News Article Photo Poem Video Cartoon Music Radio

Thursday, April 16, 2009

0 comments


ဒေါ်စုလွတ်ရေး ကုလအတွင်းရေးမှူးချုပ် အမေရိကန် အမတ်များနှင့် ရပ်တည်


15 April 2009

အမေရိကန် အထက်လွှတ်တော် အမျိုးသမီးအမတ် ၁၀ ယောက်ထံက မြန်မာစစ်အစိုးရအပေါ် တိုးပြီး ဖိအား ပေးဖို့တိုက်တွန်းတဲ့ စာတစောင် လက်ခံရရှိတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဆိုပါတယ်။


မြန်မာပြည်မှာ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အမေရိကန် အထက်လွှတ်တော်အမတ်များနည်းတူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း စိုးရိမ် ပူပန်ပါကြောင်း၊ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်ရေး ဘန်ကီမွန်းက ဆက်လက် ဖိအားပေးသွားမယ်လို့ ကုသလမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်က ဗုဒ္ဓဟူးနေ့က ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ ရှေ့နှစ်ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲ ပယ်ဖျက်ရေး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားတဲ့ စာတစောင်ကို အမျိုးသမီး လွှတ်တော်အမတ် ၁၀ ယောက် ရေးသား ပေးပို့ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှာ စစ်ပွဲအကြောင်းပြု မုဒိန်းကျင့်နေတာတွေ ပပျောက်ရေး လိုအပ်ကြောင်းကိုလည်း မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အမျိုးသမီး အထက်လွှတ်တော်အမတ်များအဖွဲ့ရဲ့ စာမှာ ထောက်ပြထားပါတယ်။

အနောက်တိုင်းခေါင်းဆောင်များက စစ်အစိုးရရဲ့ ဖွဲ့စည်းပုံသစ်ကို ရှုတ်ချထားပြီး ရှေ့နှစ် ရွေးကောက်ပွဲဆိုတာကလည်း စစ်တပ် အာဏာ ဆုပ်ကိုင်ထားရေး လုပ်ကိုင်ထားတဲ့ ရွေးကောက်ပွဲအတုကြီးလို့ ဆိုပါတယ်။

Saturday, December 13, 2008

0 comments
ဦးနေဝင်း သမီး ဒေါ်စန္ဒာဝင်းကို လွှတ်ပေးလိုက်ပြီဟု ဘီဘီစီက ပြော Print E-mail



နေအိမ်အကျယ်ချုပ် ကျခံနေရသူ ကွယ်လွန်သူ အာဏာရှင်ဟောင်းကြီး ဦးနေဝင်း၏ သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းကို စစ်အစိုးရက သောကြာနေ့နံနက်က ရန်ကုန်ရှိ နေအိမ်က လွှတ်ပေးလိုက်ကြောင်း ဘီဘီစီ သတင်းတရပ်တွင် ပါရှိသည်။


အသက် ၅၆ နှစ်အရွယ် ဒုတိယဗိုလ်မှူးကြီး ဒေါ်စန္ဒာဝင်းသည် ခင်ပွန်းဖြစ်သူနှင့် သားသုံးယောက်က နိုင်ငံတော် ပုန်ကန်မှုဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရစဉ် အင်ယားကန်ဘောင်ပေါ်ရှိ နေအိမ်တွင် အကျယ်ချုပ် ကျခံခဲ့ရသည့်မှာ ၆ နှစ် ကြာမြင့်အပြီး လွတ်မြောက်လာခြင်း ဖြစ်သည်။


ခြွင်းချက်မရှိ လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ဘီဘီစီ မြန်မာပိုင်းအစီအစဉ်က ပြောသည်။


စစ်အစိုးရက ဦးအေးဇော်ဝင်းနှင့် သားသုံးယောက်ဖြစ်သော အေးနေဝင်း၊ ကျော်နေဝင်းနှင့် ဇွဲနေဝင်းတို့သည် အရှိန်အ၀ါဟောင်းကို အားကိုးကာ လူယုံဖွဲ့၊ လက်ဖွဲ့ အဆောင်အယောင်များ အကူအညီယူကာ အာဏာသိမ်းရန် ကြံစီသည်ဟုဆိုကာ ၂၀၀၂ ခုနှစ်အတွင်းက သေဒဏ် ချမှတ်ထားသည်။

မြန်မာနိုင်ငံ၏ လက်ရှိ ကျင့်သုံးမှုတခုဖြစ်သည့် သေဒဏ်မှာ ပယ်ဖျက်ထားခြင်း မရှိသော်လည်း

သေဒဏ်ပေးထားသူကို နှစ်ရှည် ထောင်ချလေ့ ရှိသည်။

၁၉၈၈ ခုနှစ်တွင် တရားဝင် ရာထူးမှ အနားယူခဲ့သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဌကြီး ဦးနေဝင်းသည်လည်း သမီးဖြစ်သူနှင့် အတူ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည်။


ကျောင်းသားများက စတင် ဆန္ဒပြခဲ့ကြပြီး နိုင်ငံအ၀ှမ်း ကူးစက်သွားခဲ့သည့် ဒီမိုကရေစီစနစ် ကူးပြောင်းရေး


လူထုဆန္ဒပြပွဲကြီးများက စစ်ဗိုလ်ချုပ်ကြီးအဖြစ်မှ အရပ်ဘက်ကူးပြောင်းပြီး ၂၆ နှစ်ကြာ အုပ်ချုပ်ခဲ့မှုကို အဆုံးသတ်သွားစေခဲ့ခြင်းလည်း ဖြစ်သည်။

ဒေါ်စန္ဒာဝင်းသည် ဦးနေဝင်း၏ အချစ်ဆုံးသမီးဟု လူသိများပြီး သူမ၏ သားသုံးယောက်မှာလည်း

လမ်းသူရဲဂိုဏ်းဝင် လူဆိုးများဖြစ်သည်ဟု ကျော်ကြားသည်။


ဇော်ရှန် ( mizzima tv )
z-sha +L.a.san

Sunday, November 30, 2008

ကလေး

0 comments

Print E-mail
ကောင်းကင်ကို
တနင်္လာနေ့၊ နိုဝင်ဘာလ 24 2008 18:19 - မြန်မာစံတော်ချိန်


ကလေး အနှစ် နှစ်ဆယ်လုံးလုံး

ကိုယ်ဝန်ဆောင်ပြီး မွေးခဲ့တာတောင်

ထွက်မလာသေးတဲ့ ကလေး။


အင်္ဂုလိမာလ သုတ်မပြောနဲ့

ရွှေဝါရောင်လင်းနေတဲ့ ရင်ဘတ်တွေနဲ့ 

မေတ္တာသုတ် အထပ်ထပ်ရွတ်ခဲ့တာတောင်

ထွက်မလာသေးတဲ့ ကလေး။


နောင်နှစ်ပေါင်းများစွာကို လောင်းကြေးထပ်

ဒိုင်ယာလော့ခ် ဆိုတဲ့ ညှပ်နဲ့ 

ဆွဲထုတ်ပြီးတော့ မွေးရမလား၊


လက်ရုံးတွေကို ဓားလိုသွေး

ခွဲစိတ်ပြီးတော့ မွေးရမလား။


အဖြစ်က

ဇက်သေနေတဲ့ စတီယာရင် တချောင်းနဲ့

ယာဉ်သုံးစီးကို တပြိုင်တည်း မောင်းနေရသလိုမျိုး။


ကလေး ထွက်လာဖို့ လည်း လိုတယ်။

မွေးမွေးချင်း သေမသွားဖို့လည်း လိုတယ်။

မိခင်ရဲ့အသက် မဆုံးရှုံးဖို့လည်း လိုတယ်။


နတ်ကြီးတဲ့ ဝိညာဉ်နှစ်ခုမို့

ဘုရားသခင်က အတင်းလာလုနေတာလား။


အသက် နှစ်ချောင်းက ငါတို့ရဲ့ လက်ထဲမှာ တည်းတည်းကလေး။

မိခင်ရဲ့ ငိုကြွေးသံကလည်း အားလုံးရဲ့ ရင်ထဲမှာ ပဲ့တင်ထပ်နေပြီ။

ကလေးရဲ့ ငိုကြွေးသံကလည်း အားလုံးရဲ့ ရင်ထဲမှာ ပဲ့တင်ထပ်နေပြီ။


ကလေးရဲ့ ဖခင်လည်း

တမလွန်ကနေ ပူပန်နေတော့မယ်။

ဘောလုံးပွဲကြည့် ပရိသတ်တွေလို

အနှစ် နှစ်ဆယ်လုံးလုံး အားပေးခဲ့ကြတဲ့ သူတွေလည်း

အသံတွေ ဝင်ပြီး မောကုန်ကြပြီ။


ဘာပဲဖြစ်ဖြစ့့် 

ဒီကလေးဟာ

ကောင်းကင်ဖျားမှာ တည်းတည်းလေး သီးနေတဲ့ ပတ္တမြားတပွင့်ကို

ချူပေးနိုင်မယ့် တံချူလေး၊

ငါတို့ရှင်အောင် မွေးနိုင်ရင်

လာဘ်လာဘတွေကို ယူဆောင်လာမယ့် ကလေးမို့

အိမ်သားအားလုံးကတော့

ရင်တထိတ်ထိတ်နဲ့ 

အံကိုကြိတ်ပြီး မျှော်နေကြတယ်။

အံကိုကြိတ်ပြီး မျှော်နေကြတယ်။

ကောင်းကင်ကို


(မှတ်ချက်။ ။ ကဗျာမှာ ကောင်းကင်ကို၏ ကိုယ်ပိုင်ဘလော့ဂ်တွင် ဖော်ပြပြီး ဖြစ်သည်။)

သခင်စိတ်ဓာတ်၊ သခင်အကျင့်

0 comments

Print E-mail
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ နိုဝင်ဘာလ 14 2008 17:14 - မြန်မာစံတော်ချိန်



သခင်စိတ်ဓာတ်၊ သခင်အကျင့်''သခင်လား ကျွန်လား

ရိုးရိုးကျင့် မြင့်မြင့်ကြံ

မှန်တာလုပ် ဟုတ်တာပြော'' တဲ့ …

ဒါ … သခင်တယောက်ရဲ့ စိတ်ဓာတ်နဲ့

သခင်တယောက်ရဲ့ အကျင့်မြတ်ပဲ။


သခင်ဆိုတာ

မရသင့်တဲ့ အခွင့်အရေး

ဘယ်သူပေးပေး မယူဘူး၊

"ထမင်းကြမ်းခဲ" ပြလို့

အမြီးနှံ့ပြရတာ

သခင်မဟုတ် ကျွန်ရဲ့အလုပ်ပဲ။


သခင်ဆိုတာ

ဗဟုသုတနဲ့ ယုံကြည်မှုရှိ

စိန်ရွှေငွေ ဏ သ တ န မ တွေ သူမကြည့်

တိုင်းပြည်ရဲ့ တာဝန်ကို သိတယ်။


တိုင်းပြည်နဲ့ မိမိတာဝန်

ချိန်ခွင်လျှာ တင်ကြည့်ရင်

တိုင်းပြည်က အလေးသာတယ်။


ကျွန်ဆိုတာ …

ခံမပြောရဲဘူး

ဟောက်ငေါက်သမျှ ဖိခံ

မှန်မမှန် သူမသိ

သူသိတာက သခင်အလိုကျ အမြီးနှံ့ပြဖို့။


သခင်ဆိုတာ …

ခိုင်းလို့မဟုတ် တာဝန်သိလို့ လုပ်တယ်၊

မဟောက်နဲ့ မငေါက်နဲ့

ကြောက်တတ်တဲ့ အလေ့မရှိ

မမှန်တာ သူသိရင်

ဖွင့်ဟဖို့ ၀န်မလေး

အသက်ပေးဆောင်ရွက်

ဒါ … သခင်စိတ်ဓာတ်နဲ့

သခင်တယောက်ရဲ့ အကျင့်မြတ်ပဲ။


သခင်နဲ့ ကျွန်

ချိန်ခွင်လျှာတင်ကြည့်

သခင်လား? ကျွန်လား?

ခွဲခွဲခြားခြား သိချင်တယ်

ကွဲကွဲပြားပြား သိချင်တယ်

အဖြေ …။


မင်းသုည


၁၃-၁၁-၂၀၀၈

"မျောနေတဲ့ မြစ်"

0 comments

Print E-mail
စိုးနေလင်း
ဗုဒ္ဓဟူးနေ့၊ အောက်တိုဘာလ 15 2008 13:41 - မြန်မာစံတော်ချိန်

(အနှစ် ၂၀ တစေ့တစောင်းစစ်တမ်း)

မျောနေတဲ့ မြစ် တချို့က

ပါးစပ်နဲ့လက်တို့ရဲ့

စိတ်ပျက်စရာအကွဲအပြဲကို

မိတ်ဖက်အဖြစ်လက်တွဲခိုင်းပြီး

အနီးကပ်ဆုံး နေရာတခုမှာ

ဖျာတချပ်ကို ချခင်းလိုက်ဖို့ဖြစ်တယ်။

အသံအကျယ်ဆုံးပြောတတ်ဖို့နဲ့

မျက်နှာထား တည်တည်ထား

စကားလုံး စကားလုံး …

စကားလုံးတွေအားလုံးကို

လေတင်းအောင်ထိုးထားဖို့လိုမယ်။

ပညာရပ်နယ်ပယ်တချို့က

ဖြတ်စ ညှပ်စ သောင်းပြောင်းကောက်

တောက်ပတဲ့ အရာတိုင်းဟာ

ရွှေမဟုတ်ပါ ဆိုပေမယ့်လည်း

ရွှေပဲဖြစ်လိုက်ကြ။

မိတ်ဆွေ…

နှစ်ခါသေဆုံးဖို့ အတွက်

အိပ်မက်မက်ချင်နေပြီလား။

အကွပ်သက်သက်အတွက်ပဲ

ဦးခေါင်းနဲ့ လဲလှယ်ပစ်လိုက်တဲ့ အနုပညာမှာ

ဘာညာဝါဒများနဲ့စံကိုက်

အကြိုက်ဖြစ်ချင်ဖြစ်လိမ့်မယ်

အနိမ့်ပျံ တောင်ပံတွေနဲ့သာ ဟိတ်ဟန်ထုတ်

ဖုတ်ပြီးသား ငါးခြောက်တပြင်ပြင်

ဆိုဇင်ညစ်ဖင်* သာဆိုရင်

"ဟင်" ဆိုပြီး…။

ထီးတချောင်းရဲ့အရိပ်ပူပူအောာက်

စောက်မနက်တဲ့ခြုံပုတ်ပေါ်

စိုင်ကော်လို့ ရောက်ပြီးကြမှ

ခြေထောက်တို့ မည်းနက်သွားခဲ့ကြ။

မိတ်ဆွေ…

ရှူးဖိနပ်ချင်းလဲစီးဖူးရင်

ပင်လယ်ပြင်စစ်စစ်ကို တွေ့လိမ့်မယ်။

ကိုယ်တိုင်ကမှ မီးမထွန်းရဲပဲ

အမှောင်ဖြိုခွဲ လမ်းပြချင်သတဲ့

(ကြားလိုက်ကြရဲ့လား)

ပရိုမီးသီးယပ်စ်+် ရဲ့ ရယ်သံညီးညီး

ကျေးဇူးအပွင့်အသီး

ဆွတ်ခူးစားသုံးပြီးကာမှ

ငါ့ဝမ်းပူဆာ မနေသာ

ရေလွှာလျှေစီး နေချင်လိုက်ကြ။

ပထမဆုံး ခြေတလှမ်းကို

ရဲစွမ်းဝန့်စားသူတွေသာ

စာမျက်နှာများစွာ ဖြတ်သန်း

ကမ္ဘာကြီးကို ထမ်းပိုးသွားကြတာပါပဲ။

မိတ်ဆွေ…

သစ်တောတွေကို ထိမ်းသိမ်းရင်း

မြစ်တစင်းကို သီချင်းဖွဲ့ဆိုကြည့်စမ်းပါ။ ။

o *Solzhenitsyn of Russia
o +Prometheus

ဖောက်ချည်များတဲ့ တောအုပ်

0 comments

Print E-mail
စိုးနေလင်း
အင်္ဂါနေ့၊ နိုဝင်ဘာလ 11 2008 17:16 - မြန်မာစံတော်ချိန်


ဖောက်ချည်များတဲ့ တောအုပ်စူးနေတဲ့ဆူးကို ထွင်ပစ်ဖို့

မြစ်ကို သွက်သွက်စီးဆင်းစေချင်ရဲ့

ကောင်းကင်မဲ့သော လင်းယုန်

လေပြေမဲ့သော သစ်ပင်

ရှင်သန်ခြင်းအဓိပ္ပာယ် ကွယ်ပျောက်

ရေသောက်မြစ်တို့ သွေ့ခြောက်လာခဲ့ပြီ။



တိုင်ချည် ဖောက်ချည်များ စီစဉ်မကျ

အဆင်မလှ အသားမညီ

ကြုံလှီသေးသိမ်လာသော နှလုံးသားများ

မိုးခါးရေထဲ နေသားတကျ

ပင်လယ်ပြင်ကို စွန့်ပစ်ခဲ့ကြ။



အိပ်မက်ဆိုးထဲက လွင့်စင်

ကောင်းကင်ချစ်သူ ငှက်များက

ရွက်ကျပင်ပေါက်ဖြစ်

(တချို့က)

တေးချင်းသစ်ကို ဟစ်ကြွေးခဲ့ကြပြီ

လင်းရောင်ခြည်ကား မလာသေး။



အနှေးရိုက်ချက်များသာ အထပ်ထပ်

တံလျပ်တို့ လက်လက်ထစဲကာလ

အဲဒီ အရှည်မျောဆုံး ညတာမှာ

ဗလာအစုများသာ ပြန့်ကျဲ

ရေ၀ဲကတော့ တခုထဲ

နစ်မြုပ်မသွားကြဖို့ပဲ ဖြစ်တယ်။ ။

စိုးနေလင်း

အနှစ် ၂ဝ

0 comments

Print E-mail
ကဗျာ
မောင်လွမ်းဏီ
အင်္ဂါနေ့၊ အောက်တိုဘာလ 07 2008 11:56 - မြန်မာစံတော်ချိန်

ရှစ်လေးလုံးက ဖွားသစ်
နိုဝင်ဘာ ၁၊ အနှစ် ၂ဝ။

အာဏာရှင်စနစ်
ဆန့်ကျင် ခုတ်ထွင်
နိုဝင်ဘာ ၁ ၊ အနှစ် ၂ဝ ။

တော်လှန်စစ်
နိုဝင်ဘာ ၁ ၊ အနှစ် ၂ဝ ။

လူထုတိုက်ပွဲ
အသည်းရင်ခွင်
နိုဝင်ဘာ ၁ ၊ အနှစ် ၂ဝ ။

လူမျိုးစုံတံတား
ကျောသားရင်သား၊ ယှက်နွယ်ရစ်ငင်
နိုဝင်ဘာ ၁ ၊ အနှစ် ၂ဝ ။

ကာနယ်ချစ်ကာင်းရဲ့
အနှစ် ၂ဝ
မောင်သော်ကရဲ့
အနှစ် ၂ဝ
ကဗျာရေးတဲ့
အနှစ် ၂ဝ
မိတ်ဆွေတွေ ရှား
မိစ္ဆာတွေများ
ပြိတ္တာတွေပွားတဲ့
အနှစ် ၂ဝ။

စာသင်သားတွေ
ပြည်ရွာမြေထဲ
ခြေစွာနေဆဲ
အနှစ်၂ဝ။

တောင်ယာဆန်နဲ့
ဖိနပ်မဲ့
ဓားနဲ့ လှံချစ်
အနှစ် ၂ဝ။

တော်လှန်ရေးသစ္စာ
နိုဝင်ဘာ ၁ ၊ အနှစ် ၂ဝ ။


မောင်လွမ်းဏီ

 

Copyright 2008 All Rights Reserved Revolution Two Church theme by Brian Gardner Converted into Magazine Template by Bloganol dot com