![]() | ![]() |
ကောင်းကင်ကို |
တနင်္လာနေ့၊ နိုဝင်ဘာလ 24 2008 18:19 - မြန်မာစံတော်ချိန် |
![]() ကိုယ်ဝန်ဆောင်ပြီး မွေးခဲ့တာတောင် ထွက်မလာသေးတဲ့ ကလေး။ အင်္ဂုလိမာလ သုတ်မပြောနဲ့ ရွှေဝါရောင်လင်းနေတဲ့ ရင်ဘတ်တွေနဲ့  မေတ္တာသုတ် အထပ်ထပ်ရွတ်ခဲ့တာတောင် ထွက်မလာသေးတဲ့ ကလေး။ နောင်နှစ်ပေါင်းများစွာကို လောင်းကြေးထပ် ဒိုင်ယာလော့ခ် ဆိုတဲ့ ညှပ်နဲ့  ဆွဲထုတ်ပြီးတော့ မွေးရမလား၊ လက်ရုံးတွေကို ဓားလိုသွေး ခွဲစိတ်ပြီးတော့ မွေးရမလား။ အဖြစ်က ဇက်သေနေတဲ့ စတီယာရင် တချောင်းနဲ့ ယာဉ်သုံးစီးကို တပြိုင်တည်း မောင်းနေရသလိုမျိုး။ ကလေး ထွက်လာဖို့ လည်း လိုတယ်။ မွေးမွေးချင်း သေမသွားဖို့လည်း လိုတယ်။ မိခင်ရဲ့အသက် မဆုံးရှုံးဖို့လည်း လိုတယ်။ နတ်ကြီးတဲ့ ဝိညာဉ်နှစ်ခုမို့ ဘုရားသခင်က အတင်းလာလုနေတာလား။ အသက် နှစ်ချောင်းက ငါတို့ရဲ့ လက်ထဲမှာ တည်းတည်းကလေး။ မိခင်ရဲ့ ငိုကြွေးသံကလည်း အားလုံးရဲ့ ရင်ထဲမှာ ပဲ့တင်ထပ်နေပြီ။ ကလေးရဲ့ ငိုကြွေးသံကလည်း အားလုံးရဲ့ ရင်ထဲမှာ ပဲ့တင်ထပ်နေပြီ။ ကလေးရဲ့ ဖခင်လည်း တမလွန်ကနေ ပူပန်နေတော့မယ်။ ဘောလုံးပွဲကြည့် ပရိသတ်တွေလို အနှစ် နှစ်ဆယ်လုံးလုံး အားပေးခဲ့ကြတဲ့ သူတွေလည်း အသံတွေ ဝင်ပြီး မောကုန်ကြပြီ။ ဘာပဲဖြစ်ဖြစ့့်  ဒီကလေးဟာ ကောင်းကင်ဖျားမှာ တည်းတည်းလေး သီးနေတဲ့ ပတ္တမြားတပွင့်ကို ချူပေးနိုင်မယ့် တံချူလေး၊ ငါတို့ရှင်အောင် မွေးနိုင်ရင် လာဘ်လာဘတွေကို ယူဆောင်လာမယ့် ကလေးမို့ အိမ်သားအားလုံးကတော့ ရင်တထိတ်ထိတ်နဲ့  အံကိုကြိတ်ပြီး မျှော်နေကြတယ်။ အံကိုကြိတ်ပြီး မျှော်နေကြတယ်။ ကောင်းကင်ကို(မှတ်ချက်။ ။ ကဗျာမှာ ကောင်းကင်ကို၏ ကိုယ်ပိုင်ဘလော့ဂ်တွင် ဖော်ပြပြီး ဖြစ်သည်။) |