News Article Photo Poem Video Cartoon Music Radio

Friday, April 4, 2008


မတ်လ

ဒီလက်မျိုး
Monday, 24 March 2008 14:38 - မြန်မာစံတော်ချိန်
d-latt-myo.jpg

မတ်လဟာ

ငါတို့ရဲ့ အရုဏ်တက် နေရောင်ခြည် ဖြစ်သလို

ငါတို့ရဲ့ အိပ်မက်ဆိုးတွေလည်း ဖြစ်တယ်။

မတ်လဟာ

နွေရာသီရဲ့ အတောက်ပဆုံးဖြစ်သလို

အပူလောင်ဆုံး နေရောင်ခြည်လည်း ဖြစ်တယ်။

မတ်လဟာ

အသိမ်မွေ့ဆုံး ကိုင်တွယ်ထားရတဲ့

ချစ်သူရဲ့ ဆံကေသာတွေ ဖြစ်သလို

အရဲရင့်ဆုံးသော

ခေါပဏီ တပ်ရင်းတရင်းလည်း ဖြစ်တယ်။

မတ်လမှာ

ပန်းတွေ ပွင့်ခဲ့ကြတယ်။

ပန်းတွေ ကြွေခဲ့ကြတယ်။

ပြီးတော့

သွေးတွေလည်း ချင်းချင်းနီခဲ့ပြန်တယ်။

သြော် — မတ်လရယ်

မင်းဟာ

ငါတို့သမိုင်းရဲ့ ပြက္ခဒိန်တခုလုံးအတွက်

အမှတ်တရတွေ များခဲ့ပါတယ်။

ဒီလက်မျိုး

0 comments:

 

Copyright 2008 All Rights Reserved Revolution Two Church theme by Brian Gardner Converted into Magazine Template by Bloganol dot com