မောင်လွမ်းဏီ | |
Monday, 07 April 2008 15:57 - မြန်မာစံတော်ချိန် | |
ပြည်ပက သားတွေ သမီးတွေကို အားကိုးပါတယ်လို့  ပြောသွားတဲ့ အမေ ပြောသွားတဲ့ စကားအတွက် သမီး ရှက်လှပါတယ်အမေရယ် ။ နှင်းဆီ
မြနန္ဒာနဲ့  သင်္ကြန်ကိုလွမ်း တမ်းတမ်းဆွတ်ဆွတ် လူက ပိတောက်ကဗျာ ဖြစ်နေရင်း အမေ့သတင်းက ၊ ရင်ဝထိုးခွဲ သွေးက အမေ့ရဲ့ သွေးတွေ ။
အမေရယ် မန္တလာကို ၊ မြန်မာပြည်ကို လူထုကို ၊ အောင်ဆန်းစုကြည်ကို မင်းကိုနိုင်တို့ကို ၊ အဝေးရောက်သားသမီးတွေကို အားကိုး ယုံကြည်တယ်ဆို ။ ချင်းတွင်း ၊ဧရာဝတီ ရိုးမတကြော ၊ သောလှုပ်မုန်တိုင်း လှိုင်းတွေ ခုန်ပေါက်နေကြပြီ ။
တောင်လေးလုံး တောင်သမန် ၊ မယ်ဇယ်ပင်တန်း ငိုခန်းတွေအခန်းဆက်၊ ရက်စက်တဲ့ ဇာတ်လမ်းရှည် ကြေကွဲလို့ မဆုံး၊ စစ်မုန်းစိတ်က မိုင်ထောင်ရှည် ။
သူရဲကောင်း လူထု သွေးစုမယ့် နေရာ အမေ ဖွေရှာတော့လေသလား ။
သွေးမြေကျ သံဃာတော်တွေကို လိုက်လံ ပူဇော်နေတာလားအမေ ။
အနုပညာ စာပေ အငြိမ့် သဘင် မမြင်ရက်တော့ဘူးလား အမေ ။ မြို့ရိုးပြဿဒ် ကျုံးတပတ်မှာ ဆုံးဖြတ်သွားခဲ့တာလားအမေ ။ အမေ မြင်ချင်တဲ့ခေတ် အမေ တွေ ချင်တဲ့စနစ် ကျနော်တို့ ချစ်တယ် ကျနော်တို့ ခေတ် ၊ သစ်ကို သစ်ရမယ် ဖြစ်ကို ဖြစ်ရမယ် ရောက်ကို ရောက်စေရမယ်အမေ ။
အမေ ရှက်နေဦးမည် ဆက်မည် တိုက်ပွဲ ယုံကြည် ခွဲရစ်ခဲ့ပါတော့။ |
Tuesday, April 8, 2008
မန်းတောင်ရိပ်ငို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment