News Article Photo Poem Video Cartoon Music Radio

Monday, February 25, 2008


ကျွန်းရွက်များအကြောင်း အောက်မေ့မှု

သစ်ကောင်းအိမ်
Monday, 25 February 2008 17:44 - မြန်မာစံတော်ချိန်

thit-kaung-eain25ပြားချပ်သွားတဲ့ ကမ္ဘာကြီးပေါ်က
ဖိနောင့် ပါးနေတဲ့
ပြားချပ်ချပ် ဖိနပ်တရံပေါ် ရပ်ရင်း
ငါ … ဆွေးနေမိရဲ့။

မျက်ရစ်မပါတဲ့ အချစ်နဲ့
ထူထောင်ခဲ့တဲ့ ခေတ်တခေတ်ဟာ
မင်းဖြစ်ခဲ့ပေါ့
ဂန္ဓာလရာဇ်သွေးနဲ့
ငါ့ သားလေးရေ။

မင်းတို့ လူမျိုးတွေဟာ
လူတော်တွေပါ
လူပေါ်လူဇော် မလုပ်မိစေနဲ့။

မင်းတို့ လူမျိုးတွေဟာ
လူတော်တွေပါ
လူယုတ်မာတွေ မဖြစ်မိစေနဲ့။

မင်းတို့ လူမျိုးတွေဟာ
လူတော်တွေပါ
သူတပါး တိုင်းပြည်ရဲ့ အသွေးအသား
မပြစ်မှားမိစေနဲ့။

သမိုင်းဆိုတာ
သားကြောဖြတ်လို့ ရတဲ့အရာ မဟုတ်ခဲ့
တို့နိုင်ငံရဲ့ “ရွှေဝါရောင် တော်လှန်ရေး”
သွေးနဲ့ လက်ခမောင်းခတ်ခဲ့ပြီ။

“ပုရွက်ဆိတ်တွေရဲ့ ဘုံဝါဒ … အဓွန့်ရှည်ပါစေ
ခွေးအတွေရဲ့ ဘုံဝါဒ … ကျဆုံးပါစေ”

တိန့်ရှောင်ဖိန်က
တိန်အန်မင် အရေးအခင်းကို
ရူးချင်ယောင်ဆောင်ခဲ့တယ်။

သစ်ကောင်းအိမ်

0 comments:

 

Copyright 2008 All Rights Reserved Revolution Two Church theme by Brian Gardner Converted into Magazine Template by Bloganol dot com