News Article Photo Poem Video Cartoon Music Radio

Saturday, February 2, 2008


ရှစ်စက္ကန့် ... ငြိမ်သက်

လင်းစက်နောင်
Tuesday, 29 January 2008 11:53 - မြန်မာစံတော်ချိန်
nyein_that.jpg

ညကို ငါတို့ ကြောက်နေရတော့မှာလား

ည ... ရောက်တိုင်း
ည ... ရောက်တိုင်း
ရက်စက်ရမ်းကား သူတို့ရဲ့
အ ... မင်္ဂလာ ခြေသံကိုနားစွင့်
နောင်တနေ့မှာ ...
အဓမ္မအဖြစ်
ဘယ်သူ့ ရင်နာစရာ ကြားရလေမလဲ
မတွေးရဲပေမဲ့
ငါတို့ သွေးရဲနေရအုံးမှာပဲ။

ည ... ကို ငါတို့ ကြောက်နေရတော့မှာလား
ည ... တွေ ကြုံတိုင်း
ည ... တွေ တွေ့တိုင်း
အာရုံ ခန္ဓာတွေကို ဖိစီးချောက်ချား
ငရဲခွေးတွေ အူသံကြားက
အကြောက်တံခါးကို ၀ုန်းခနဲ ဆွဲဖွင့်
လွတ်လပ်ခွင့်နဲ့ တော်လှန်နေရအုံးမှာပဲ။

တကယ်ဆိုရင်
ငါတို့က
ညရဲ့ လေညှင်းကလေးတွေကို မြတ်နိုးတတ်တယ်
ညရဲ့ ကြယ်စင်လေးတွေကို နှစ်သက်တယ်
ညရဲ့ လမင်းလေးကို ချစ်ခဲ့တယ်။

အခုတော့
ညတွေရဲ့ မှောင်မိုက်ခြင်းတွေမှာ
ကြယ်စင်ပေါင်းများစွာ ကြွေပျက်
ရှစ်စက္ကန့်ပေါင်း အထပ်ထပ် ငြိမ်သက်
အလင်း ... လာမယ့်ဘက်
ငါတို့ ... ဦးညွှတ်လျက်နေမယ် ... ။ ။

လင်းစက်နောင်

0 comments:

 

Copyright 2008 All Rights Reserved Revolution Two Church theme by Brian Gardner Converted into Magazine Template by Bloganol dot com