News Article Photo Poem Video Cartoon Music Radio

Thursday, May 8, 2008


မေပိတောက်

AMT
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 23 2008 18:28 - မြန်မာစံတော်ချိန်

ပထမ
သူတို့ က တိုင်းပြည်ကို အသေပစ်ဖမ်းဖို့ လုပ်တယ်
အရှက်တွေသာ အရွယ်ရောက်သွားခဲ့ပေါ့

နောက်
အရှင်ဖမ်းဖို့ ထပ်ကြံတယ်
ပြည်သူကိုယ်စီ
ပုခုံးကိုယ်စီနဲ့ 
မေလကို ထမ်းပြန်ခဲ့ပေါ့

တဆင့်ပြီး တဆင့်
တရစ်ပြီး တရစ်
နှစ်ကာလတွေကို အသေအချာကျစ်ပြီး
တိုင်းပြည်ကို ထောင်ဖမ်းဖို့ထပ်ကြံတယ်
စက်တင်ဘာ တောအမှောက်ခံခဲ့ရပေါ့

may-pa-tauke.jpg ခုတချီ
မဲပုံးထဲ လက်တဆုံးနှိုက်ပြီး
တိုင်းပြည်ကို လိုက်စမ်းနေမလား
ပြဿနာ အလုံးစုံကိုပဲ
မဲပုံးထဲ ထည့်ဖွက်ဦးမလား

ငါတို့မှာ တိုင်းပြည်ရှိတယ်
ငါတို့မှာ မေလရှိတယ်
စိတ်ချ
သိက္ခာရှိတဲ့ ပိတောက်တွေလက်က
မေလဟာ ဘယ်တုန်းကမှ လွတ်ကျမသွားခဲ့ဘူး။ ......။

AMT

0 comments:

 

Copyright 2008 All Rights Reserved Revolution Two Church theme by Brian Gardner Converted into Magazine Template by Bloganol dot com