News Article Photo Poem Video Cartoon Music Radio

Monday, October 22, 2007


၂၀၀၇ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့တွင် ကျရောက်သော ကိုမင်းကိုနိုင် (၄၅)နှစ်ပြည့် မွေးနေ့အတွက်.....

နှင်းခက်သံလွင်

၁၈ အောက်တိုဘာ၊ ၂၀၀၇

“သူရဲကောင်း မင်းကိုနိုင်သို့ သစ္စာစကား”


ရဲဘော်ကြီးမင်းကိုနိုင်

ခင်ဗျားဟာ ကျနော်တို့ခေတ်ရဲ့ သူရဲကောင်းပါ

သို့မဟုတ် ဗမာ့ခေတ် သမိုင်းသစ်မှာ အတောက်ပဆုံး ကြယ်တစ်ပွင့်ပေါ့…


ကိုလိုနီခေတ်မှာ ကိုအောင်ဆန်း

ဒီကနေ့ခေတ်မှာ ခင်ဗျား ကိုမင်းကိုနိုင်

ခွပ်ဒေါင်းအလံကို အမြင့်မားဆုံး လွှင့်ထူရင်း

ရာဇ၀င်တေးတွေကို အကျယ်လောင်ဆုံး သီကြွေးရင်း

သမိုင်းခေတ် သစ်ကို မော်ကွန်းသစ် ထိုးနိုင်ခဲ့ကြပြီ….


ကျနော်အလေးပြုပါတယ်

ခင်ဗျားအမြင့်ဆုံး အတောက်ပဆုံး ဆက်လက်ချီတက်ပါ

ခင်ဗျားနောက်က ကျနော်တို့ သစ္စာမြဲစွာ ခိုင်ကြည်စွာ

မဖောက်မလွဲ တသွေမတိမ်း လိုက်ခဲ့ပါ့မယ်….


အားတင်းထားပါရဲဘော်ကြီး…အားတင်းထားလိုက်ပါဦး

ဟောဟိုမှာ….ငတ်မွတ်နေတဲ့ ငိုကြွေးနေတဲ့ ချိနဲ့အားနည်းနေတဲ့ ပြည်သူတွေ

ခင်ဗျားကို အားကိုးတကြီး စောင့်မျှော်နေကြပါတယ်….


ရာဇ၀င်လည်း တခေတ်ဆန်းပါပြီ

ရောင်နီလည်း သစ်ပါပြီ

ကျုပ်တို့ဆက်၍ ချီတက်ကြမယ်

ကျုပ်တို့ဆက်၍ချီတက်ကြရမယ်….။

0 comments:

 

Copyright 2008 All Rights Reserved Revolution Two Church theme by Brian Gardner Converted into Magazine Template by Bloganol dot com