News Article Photo Poem Video Cartoon Music Radio

Monday, September 3, 2007

၈ လပိုင်းမှာ


သူ့တယောက်ထဲကိုပဲ မွေးထားတဲ့ မိဘတွေအတွက်
သတင်းစာထဲမှာ မိသားစု တရားဟောလို့
ဒီလမ်း ဒီမြေ ဒီရေပေါ်မှာ...
အနီရောင် မပြယ်သေးတဲ့ ရောင်နီတွေ ကျန်သေးတယ်
ဒီခု ဒီနှစ် ဒီသက္ကရာဇ်တွေမှာ
ပေတရာမကတဲ့ ခြေရာတွေ ကျန်သေးတယ်
ဒို့အရေး
နေပူကြဲကြဲ အလံသဲသဲမှာ
အသံလှိုင်းကြီး ထခဲ့
အရင်တုန်းက ပိုက်ဆံတွေကို စက္ကူလုပ်လိုက်လို့ (၁၉၈၈)
အခု စက္ကူတွေကို ပြာဖြစ်အောင် လုပ်လိုက်လို့ (၂၀၀၇)
တစ်ဝမ်းနဲ့တစ်ခါး ကျိုးပျက်သွားတာချည်းပဲ၊
ဒိန်းကနဲ ဒိန်းကနဲ
သေနတ်တွေ တပြင်ပြင်နဲ့
အုပ်စုလိုက် လူပစ်သတ်ပွဲတွေကြားမှာ
အင်္ကျီ၊ ပုဆိုး၊ ထမိန်(တကိုယ်လုံး) အားလုံး အနီရောင် ခပ်ရဲရဲ ၀တ်ခဲ့ကြရ
ဝါးရင်းတုတ်တွေ တပြပြနဲ့
အုပ်စုလိုက် လူရိုက်သတ်ပွဲတွေကြားမှာ...
၈ လပိုင်းမှာ ဒီမိုကရေစီ
၈ လပိုင်းမှာ လူထုလှုပ်ရှားမှု
ကားလမ်းတလျှောက် ကုန်းကြောင်းလျှောက်လို့
လက်ခုတ်သံကြား ဦးခေါင်းမော့လို့
ဟိုဘက် ဒီဘက် လူ့ငပျက်တွေကြားမှာ
အော်ဆဲ၊ ၀င်ထိုး၊ ပုဆိုးချွတ်၊ ထမိန်ချွတ်၊ ကားပေါ်ပစ်တင်ခံကြရ
ပြည်သူ့ လက်ခုတ်သံနဲ့ ၀ါးရင်းတုတ်တွေ ကျိုးကျန်စေရမယ်
ပြည့်သူ့ဆန္ဒနဲ့ စနစ်ဆိုးကြီး မြေခစေရမယ်
ပြည့်သူ့အသံနဲ့ ဒီမိုကရေစီအလံ တင်ကြမယ်၊

၃၉ မျဉ်းပြိုင်များ

0 comments:

 

Copyright 2008 All Rights Reserved Revolution Two Church theme by Brian Gardner Converted into Magazine Template by Bloganol dot com