News Article Photo Poem Video Cartoon Music Radio

Tuesday, May 20, 2008

0 comments
ဖြတ်

X၀ိုက်ဇက်
အင်္ဂါနေ့၊ မေလ 20 2008 19:14 - မြန်မာစံတော်ချိန်

ပထမ

သတင်းအမှောင်ချတယ်

ထမင်းအမှောင်ချတယ်

ရေဖြတ်

မီးဖြတ်

ဖုန်းဖြတ်

အားလုံးကို ဖြတ်တောက်တယ်။



မိခင်တခြား၊ ကလေးငယ်တခြား

မယားတကွဲ၊ သားတကွဲ

ဒကာတခြား၊ ဆရာတခြား

တချို့ သေကွဲ

တချို့ ရှင်ကွဲ

ဒင်းတို့ ဖြတ်လိုက်တာ။



ရန်သူမျိုး (၅) ပါးနဲ့ တိုင်းပြည်မှာ

အခု အမှောင်ကျနေပြန်ပြီ၊

ဒါတောင် ဒင်းတို့က ဖြတ်လို့ကောင်းတုန်း။


X၀ိုက်ဇက်



" မိရိုးဖလာ… "


ထက်ဇော်
အင်္ဂါနေ့၊ မေလ 20 2008 19:12 - မြန်မာစံတော်ချိန်

ကောင်းကင်နက်က ကြယ်တွေ ကြွေစေတယ်…။

တိတ်ဆိတ်ညိုးညံနေတဲ့
ဖြူလွှလွှ တောက်လောင်မှုတွေ…။

အစိမ်းရင့်ရင့် ပွင့်စေတဲ့
နီးဆွေးဆွေး သံလွင်ခက်တွေ….။

အဓိပတိလမ်းဘေးက
အညတရ ကံ့ကော်ကြွေတွေ…။

တေးတ၀က်နဲ့ ခန္ဓာပျက်ခဲ့တဲ့
ထနောင်းပင်ထက်က ချိုးငယ်တွေ…။

မိုးအလင်း ဇာတ်ထုပ်တခုထဲက
ငုတ်တုတ်မိုးချုပ်ခဲ့ပြီး အိမ်ပြန်မရောက်တဲ့ ကဗျာအိုတွေ….။

ဒါဟာ … ဒို့ရေးတဲ့ သမိုင်းလား…..။

ရေးပြီးသား ဖတ်စာတအုပ်လား….။

ဆပ်ရန်လက်ကျန်ရှိ အကြွေးစာရင်းလား….။

……. …….. …….. လား…။

……. …….. …….. လား…။

……. …….. …….. လား…။

"ဘ၀" ဆိုတာ "ခဏ" လေးပါကွာဆိုပြီး
"ခဏ" ဆိုတာ " ဘ၀" ပဲဆိုတာမေ့လျော့
ညတွေထဲမှာ ကြယ်တွေကို
ပလုံစီဂီတတွေ၊ အညှီအဟောက်တွေ
စီးကရက်တွေ၊ မိန်းမပျက်တွေ နဲ့ မြှား

ဒီလိုနဲ့ …..
နေ၀င်ရီတရောမှာ အမှန်တရားနဲ့ လက်ဆွဲနှုတ်ဆက်
ကျော်ဖတ်ရန်နဲ့ မရေးဖြစ်တော့တဲ့ စာမျက်နှာတွေအကြောင်း
ထောင်းနမောင်းထ၊ ဖွာလန်ကြဲဆွေးနွေးပြီး
ကိုယ့်ကိုကိုယ် ပြန်မြည်းနေမိတာ ကြာပေါ့….။

ဟုတ်တယ်…..
ကောင်းကင်နက်က ကြယ်တွေကြွေစေတယ်လို့လေ…..။

ထက်ဇော်

Thursday, May 8, 2008

0 comments
မေပိတောက်

AMT
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 23 2008 18:28 - မြန်မာစံတော်ချိန်

ပထမ
သူတို့ က တိုင်းပြည်ကို အသေပစ်ဖမ်းဖို့ လုပ်တယ်
အရှက်တွေသာ အရွယ်ရောက်သွားခဲ့ပေါ့

နောက်
အရှင်ဖမ်းဖို့ ထပ်ကြံတယ်
ပြည်သူကိုယ်စီ
ပုခုံးကိုယ်စီနဲ့ 
မေလကို ထမ်းပြန်ခဲ့ပေါ့

တဆင့်ပြီး တဆင့်
တရစ်ပြီး တရစ်
နှစ်ကာလတွေကို အသေအချာကျစ်ပြီး
တိုင်းပြည်ကို ထောင်ဖမ်းဖို့ထပ်ကြံတယ်
စက်တင်ဘာ တောအမှောက်ခံခဲ့ရပေါ့

may-pa-tauke.jpg ခုတချီ
မဲပုံးထဲ လက်တဆုံးနှိုက်ပြီး
တိုင်းပြည်ကို လိုက်စမ်းနေမလား
ပြဿနာ အလုံးစုံကိုပဲ
မဲပုံးထဲ ထည့်ဖွက်ဦးမလား

ငါတို့မှာ တိုင်းပြည်ရှိတယ်
ငါတို့မှာ မေလရှိတယ်
စိတ်ချ
သိက္ခာရှိတဲ့ ပိတောက်တွေလက်က
မေလဟာ ဘယ်တုန်းကမှ လွတ်ကျမသွားခဲ့ဘူး။ ......။

AMT

0 comments
မေပိတောက်

AMT
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 23 2008 18:28 - မြန်မာစံတော်ချိန်

ပထမ
သူတို့ က တိုင်းပြည်ကို အသေပစ်ဖမ်းဖို့ လုပ်တယ်
အရှက်တွေသာ အရွယ်ရောက်သွားခဲ့ပေါ့

နောက်
အရှင်ဖမ်းဖို့ ထပ်ကြံတယ်
ပြည်သူကိုယ်စီ
ပုခုံးကိုယ်စီနဲ့ 
မေလကို ထမ်းပြန်ခဲ့ပေါ့

တဆင့်ပြီး တဆင့်
တရစ်ပြီး တရစ်
နှစ်ကာလတွေကို အသေအချာကျစ်ပြီး
တိုင်းပြည်ကို ထောင်ဖမ်းဖို့ထပ်ကြံတယ်
စက်တင်ဘာ တောအမှောက်ခံခဲ့ရပေါ့

may-pa-tauke.jpg ခုတချီ
မဲပုံးထဲ လက်တဆုံးနှိုက်ပြီး
တိုင်းပြည်ကို လိုက်စမ်းနေမလား
ပြဿနာ အလုံးစုံကိုပဲ
မဲပုံးထဲ ထည့်ဖွက်ဦးမလား

ငါတို့မှာ တိုင်းပြည်ရှိတယ်
ငါတို့မှာ မေလရှိတယ်
စိတ်ချ
သိက္ခာရှိတဲ့ ပိတောက်တွေလက်က
မေလဟာ ဘယ်တုန်းကမှ လွတ်ကျမသွားခဲ့ဘူး။ ......။

AMT



မယုံသောသား

နန္ဒ
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 09 2008 22:56 - မြန်မာစံတော်ချိန်

မနောက်ပါနဲ့ အမေ၊ ထပါ

ပြုံးပြုံးကြီး အိပ်မနေပါနဲ့

အမေနဲ့သားတို့ ကိုးကွယ်တဲ့

သာမညဆရာတော်ကြီးကို

လူထုအမေ၊ ဒို့အမေနဲ့ သားတို့

သွားရှာရအုံးမယ်လေ ။

အမေ့သမီး

သမီးစုရဲ့ ခြံတံခါးသော့

ရှာလို့တွေ့ရင် လူထုအမေဒို့အမေနဲ့

သားတို့ သွားဖွင့်ရအုံးမယ်လေ ။

အမြဲအတည်ပြောတဲ့ အမေ

အမြဲဆုံးမတဲ့ အမေ

အမြဲပြုံးပြတဲ့ အမေ

ဒီတခါဘာလို့ သားတို့ကို နောက်တာလဲ

အမေရေ - ထပါတော့ဗျာ ။

နန္ဒ

Thursday, April 10, 2008

1 comments
မယုံသောသား

နန္ဒ
Wednesday, 09 April 2008 16:50 - မြန်မာစံတော်ချိန်

မနောက်ပါနဲ့ အမေ၊ ထပါ

ပြုံးပြုံးကြီး အိပ်မနေပါနဲ့

အမေနဲ့သားတို့ ကိုးကွယ်တဲ့

သာမညဆရာတော်ကြီးကို

လူထုအမေ၊ ဒို့အမေနဲ့ သားတို့

သွားရှာရအုံးမယ်လေ ။

အမေ့သမီး

သမီးစုရဲ့ ခြံတံခါးသော့

ရှာလို့တွေ့ရင် လူထုအမေဒို့အမေနဲ့

သားတို့ သွားဖွင့်ရအုံးမယ်လေ ။

အမြဲအတည်ပြောတဲ့ အမေ

အမြဲဆုံးမတဲ့ အမေ

အမြဲပြုံးပြတဲ့ အမေ

ဒီတခါဘာလို့ သားတို့ကို နော်တာလဲ

အမေရေ - ထပါတော့ဗျာ ။

နန္ဒ

Tuesday, April 8, 2008

0 comments
မန်းတောင်ရိပ်ငို

မောင်လွမ်းဏီ
Monday, 07 April 2008 15:57 - မြန်မာစံတော်ချိန်

ပြည်ပက

သားတွေ သမီးတွေကို

အားကိုးပါတယ်လို့  ပြောသွားတဲ့

အမေ ပြောသွားတဲ့ စကားအတွက်

သမီး ရှက်လှပါတယ်အမေရယ် ။

နှင်းဆီ

မြနန္ဒာနဲ့ 

သင်္ကြန်ကိုလွမ်း

တမ်းတမ်းဆွတ်ဆွတ်

လူက

ပိတောက်ကဗျာ ဖြစ်နေရင်း

အမေ့သတင်းက ၊ ရင်ဝထိုးခွဲ

သွေးက

အမေ့ရဲ့ သွေးတွေ ။

အမေရယ်

မန္တလာကို ၊ မြန်မာပြည်ကို

လူထုကို ၊ အောင်ဆန်းစုကြည်ကို

မင်းကိုနိုင်တို့ကို ၊ အဝေးရောက်သားသမီးတွေကို

အားကိုး ယုံကြည်တယ်ဆို ။

ချင်းတွင်း ၊ဧရာဝတီ

ရိုးမတကြော ၊ သောလှုပ်မုန်တိုင်း

လှိုင်းတွေ ခုန်ပေါက်နေကြပြီ ။

တောင်လေးလုံး

တောင်သမန် ၊ မယ်ဇယ်ပင်တန်း

ငိုခန်းတွေအခန်းဆက်၊ ရက်စက်တဲ့ ဇာတ်လမ်းရှည်

ကြေကွဲလို့ မဆုံး၊ စစ်မုန်းစိတ်က မိုင်ထောင်ရှည် ။

သူရဲကောင်း လူထု

သွေးစုမယ့် နေရာ

အမေ ဖွေရှာတော့လေသလား ။

သွေးမြေကျ သံဃာတော်တွေကို

လိုက်လံ ပူဇော်နေတာလားအမေ ။

အနုပညာ

စာပေ အငြိမ့် သဘင်

မမြင်ရက်တော့ဘူးလား အမေ ။

မြို့ရိုးပြဿဒ်

ကျုံးတပတ်မှာ

ဆုံးဖြတ်သွားခဲ့တာလားအမေ ။

အမေ မြင်ချင်တဲ့ခေတ်

အမေ တွေ ချင်တဲ့စနစ်

ကျနော်တို့ ချစ်တယ်

ကျနော်တို့ ခေတ် ၊ သစ်ကို သစ်ရမယ်

ဖြစ်ကို ဖြစ်ရမယ်

ရောက်ကို ရောက်စေရမယ်အမေ ။

အမေ

ရှက်နေဦးမည်

ဆက်မည် တိုက်ပွဲ

ယုံကြည် ခွဲရစ်ခဲ့ပါတော့။

မောင်လွမ်းဏီ (၇-၄-၀၈)

Friday, April 4, 2008

0 comments
မတ်လ

ဒီလက်မျိုး
Monday, 24 March 2008 14:38 - မြန်မာစံတော်ချိန်
d-latt-myo.jpg

မတ်လဟာ

ငါတို့ရဲ့ အရုဏ်တက် နေရောင်ခြည် ဖြစ်သလို

ငါတို့ရဲ့ အိပ်မက်ဆိုးတွေလည်း ဖြစ်တယ်။

မတ်လဟာ

နွေရာသီရဲ့ အတောက်ပဆုံးဖြစ်သလို

အပူလောင်ဆုံး နေရောင်ခြည်လည်း ဖြစ်တယ်။

မတ်လဟာ

အသိမ်မွေ့ဆုံး ကိုင်တွယ်ထားရတဲ့

ချစ်သူရဲ့ ဆံကေသာတွေ ဖြစ်သလို

အရဲရင့်ဆုံးသော

ခေါပဏီ တပ်ရင်းတရင်းလည်း ဖြစ်တယ်။

မတ်လမှာ

ပန်းတွေ ပွင့်ခဲ့ကြတယ်။

ပန်းတွေ ကြွေခဲ့ကြတယ်။

ပြီးတော့

သွေးတွေလည်း ချင်းချင်းနီခဲ့ပြန်တယ်။

သြော် — မတ်လရယ်

မင်းဟာ

ငါတို့သမိုင်းရဲ့ ပြက္ခဒိန်တခုလုံးအတွက်

အမှတ်တရတွေ များခဲ့ပါတယ်။

ဒီလက်မျိုး

Thursday, March 13, 2008

0 comments
အဖြူရောင်ည
Print E-mail
ကဗျာ
ငြိမ်းဝေ
Tuesday, 11 March 2008 09:55 - မြန်မာစံတော်ချိန်

(က)

အချစ်ဆုံး သံလွင်ရဲ့

နှလုံးသားပေါ်

ကြယ်ရောင်ပျော်ကျ လရောင်ပွက်ထ ။nyein-wai-poem.jpg

ညအရိပ်ခို

တိတ်ဆိတ်စွာ နုပျိုတဲ့

သံလွင်ရဲ့ ရင်ခုန်သံများ

ကမ္ဘားယံတချို့ကို ထိမှန်သွားခဲ့။

ငှက်ခါးရောင် တောင်တန်းတချို့ကလည်း

လရောင်လျှပ်စီးနဲ့ ဓါတ်မီးတွေသွယ်ကြ။

ငါ

ဒီညမှာ

တကိုယ်တော် ကဗျာရွတ်ဆိုခြင်း

ခံစားမှုတလင်း တင်းနေအောင်ခေါက်ခဲ့။

ငါ

ဒီညမှာ

အရောင်တွေ စီးမျောသွား

"အင်မရီတာ ရှားဂီး" ရဲ့

"ဒွန်းစဏ္ဍားများ" ပန်းချီကား

"ရှိုးကလိုး" မှာ ထားရစ်ခဲ့။

ငါ

ဒီညမှာ

အောင်ချိမ့်ရဲ့

"ရွေးချယ်ပေါင်းသင်းအပ်သူများ"

ဆေးဝါးဗူးဆို့ကိုဖောက်

ကဗျာတခွက်သောက်ခဲ့။

ငါ

ဒီညမှာ

"ယူဂျင်းပေါ်တီရဲ" ရဲ့

လူမျိုးစုံချစ်ကြည်ရေးတေး

နှလုံးသွေးနဲ့ ကူးရေးခဲ့။

ငါ

ဒီညမှာ

ဒေါနတောင်ပေါ်က

တတိုင်းမွှေး ပန်းကြွေပွင့်

ရင်နင့်အောင်မွှေးခဲ့။

ငါ

ဒီညမှာ

ဒေ၀ီမရဲ့

ခြေချသံ ပြင်းပြင်း

သီချင်းဆိုသံ ကွဲကွဲ

စွဲနင့်ဝေမူး

သူမရဲ့

(ပဲပြုတ်တောင်းထဲက)

အလှပွင့်ဦး ပန်းဖူးတငုံ

ရင်ခုန်ခဲ့။

ငါ

ဒီညမှာ

"ဂါဗရီရယ် အိုဂါရာ" ရဲ့

ပဉ္စလက်ဗုံသံ

နာခံတက်ကြွ ကခုန်ခဲ့။

ငါ

ဒီညမှာ

ကဗျာတဆစ် ရေးခြစ်လိုက်ရာ

ခေတ်ပြိုင်ခံစားမှု ဗဟုဝါဒ

အဖြူရောင်တည ခံစားလို့ရခဲ့။

(ခ)

အို

အချစ်ဆုံး သံလွင်

သင်နဲ့ငါ

ဒီညမှာ

ကဗျာတပုဒ်

အချစ်ဖြင့် သွန်းထုလုပ်

ပြီးတော့

ခံစားမှု လက်ခုပ်နဲ့

(လရောင်ကို)

ပခြုပ်တွင်း သွင်းထားလိုက်ကြတာပေါ့ ။ ။

+ "အင်မရီတာ ရှားဂီး" အိန္ဒိယ ပန်းချီဆရာမ

+ "ယူဂျင်းပေါ်တီရဲ" ပြင်သစ် ကဗျာဆရာ

+ "ဂါဗရီရယ် အိုဂါရာ" တောင်အာဖရိက ကဗျာဆရာ

 

Copyright 2008 All Rights Reserved Revolution Two Church theme by Brian Gardner Converted into Magazine Template by Bloganol dot com