| ကြည်အောင် | |
| တနင်္လာနေ့၊ ဂျူလိုင်လ 14 2008 13:18 - မြန်မာစံတော်ချိန် | |
| မျောက်သွေး တခွက် အင်ဖက် ခွက်ထိုး မုဆိုးတွေ သောက်ကြ။ ကောက်ညှင်း အရက်နဲ့ မျက်နှာ သစ်ကြ။ အချစ် မရှိ ထစ်ခနဲ ဆို ရန် လိုတယ် ရန် သိုတယ်။ လက် မနှေးနဲ့ အသက်ဘေးဆိုတဲ့ တရားဟာ စား ပစ်လိုက် မစားရင် အစားခံရမယ်။ တောရဲ့ တရားဟာ အားကောင်းသူ ရှင်မယ် အားနည်းသူ သေမယ်။ ဂျာမန် နစ်ရှေး ဖြစ်ဖြစ် အင်္ဂလန် ဒါဝင် ဖြစ်ဖြစ် နှစ်ဆယ်ရာစုနှစ်ရဲ့ တောကြီးထဲမှာ ဒီတရားဟာ ရှင်သန်ဆဲ။ ဒီတရားရဲ့ ကျမ်း စာရွက်ဟာ ကျောက်ထက် အက္ခရာလိုပဲ ဥဿာ ရိုးမ ပဗ္ဗတထဲမှာ အစိုးတရ ဖြစ်တုန်း ၀ုန်းခနဲ ကျောက် ကမ်းပါးယံကြီး တဝေါဝေါ တုန်ဟည်းပြီး ပြိုဆင်းသွားတယ်။ အောင်လောင် ငှက် အောင်ချင်း ငှက်တို့ရဲ့ နေ့ခင်း အိပ်မက်လည်း အစိတ်စိတ် အက် ပြို ကွဲသွားပေါ့။ ရိုးမဟာ တန်ခိုးအားနဲ့ မိုးသားကို ဆွဲ ချ မျိုပစ် တောရဲ့ တရားသစ်ကို ထုဆစ် ကဗ္ဗည်း တင်နေလေရဲ့။ (မှတ်ချက် - ၁၉၉၄ ခုနှစ်ထုတ် စာပေဂျာနယ် အတွဲ ၂၊ အမှတ် ၁ တွင် ဖော်ပြထားသော ကဗျာ ဖြစ်သည်။ အခက်အခဲများကြောင့် ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းနိုင်ဘဲ ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။) |
Thursday, July 17, 2008
Saturday, July 5, 2008
| ဇေယျာသော် | |
| သောကြာနေ့၊ ဂျူလိုင်လ 04 2008 17:06 - မြန်မာစံတော်ချိန် | |
လူအချင်းချင်း… မီးထက်ပြင်းတဲ့ ထိုးနှက်မှုတွေအချစ်ကို ၀ယ်စားကြသူတွေနဲ့ အချစ်ကို ရောင်းစားကြသူတွေ ဈေးခေါ်နေတဲ့ စာရိတ္တတွေနဲ့ မေတ္တာမဲ့တဲ့ နှလုံးသားတွေ ဘယ်သူသေသေ ငတေမာရင်ပြီးရောပေါ့။ ငါတို့ခေတ်မှာ လူသားတွေဟာ တယောက်ရဲ့အတ္တအတွက် တယောက်က အခြားတယောက်ရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုး အသွေးအသားတွေကို ၀ါးမျို အရိုးတွေနဲ့မီးလှုံ ယုံကြည်ချက်တွေ တိုးတိုက်မိကြပေါ့….။ ငါတို့ခေတ်မှာ.. ကမ္ဘာရဲ့သစ္စာ ပျောက်ဆုံးနေတဲ့ လောကပါလ ဟာ.. ဘယ်မှာမှ ရှာမရသလို အတ္တမျက်မှန်ပြာတွေတပ် မောဟအမှောင်တိုက်ထဲဝင်….. ဟင်! လူသားတွေဟာ လူမျက်နှာတွေ ပျောက်နေကြပြီ။ ။ ဇေယျာသော်၂၇.၆.၀၈(ကိုဇေယျာသော်သည် အက်ဆစ် တေးဂီတအဖွဲ့မှ ထင်ရှားသော ဟစ်ဟော့ အဆိုတော်တဦးဖြစ်ပြီး နိုင်ငံရေးမှုဖြင့် ဖမ်းဆီးခံနေရပြီး တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းမှုဖြင့် တရားစွဲဆို ခံနေရသည်။) |
Wednesday, July 2, 2008
| ကြည်မောင်သန်း | |
| တနင်္လာနေ့၊ ဇွန်လ 30 2008 10:37 - မြန်မာစံတော်ချိန် | |
| ပုံပြင်ထဲက မြို့လည်းမဟုတ် ဒဏ္ဍာရီထဲက မြို့လည်းမဟုတ် ရာဇ၀င်ထဲက မြို့တစ်မြို့ ပုဂံခေတ်ထဲက ရှိတဲ့ မြို့တစ်မြို့ လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀ကျော်တည်းက ရှိတဲ့မြို့တစ်မြို့ သမိုင်းဝင် မြို့တစ်မြို့။ ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ် အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်ရင်း မြောက်ဘက်အရပ်အရောက် အရှေ့ဘက်ကနတ်တွေ ဆိတ်ယောင်ဆောင် ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့ ဒီမြို့ ဒီနာမည် တွင်ခဲ့ရ။ အရှေ့မှာ ဧရာဝတီ အနောက်မှာ ချင်းတွင်း မနီးဝေးမှာ မူးမြစ်နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။ သာသနိက အဆောက်အအုံတွေပေါများ ရဟန်းပညာရှိ လူပညာရှိတွေ ထွန်းကား တခြားမြို့တွေနဲ့ စီးပွားကူးသန်းသွားလာဖို့ လွယ်ကူ ဘိုးတော်ဘုရား လက်ထက် စစ်တမ်းတွေအရ အစည်ကားဆုံးမြို့ ၁၂ မြို့ထဲက မြို့တစ်မြို့။ အလောင်းဘုရား လက်ထက်မှာ အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကိုစားရ ဘိုးတော်ဘုရားလက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့မြို့ဝန် ဘုံခန်းပျို့ဆရာ အရှင်အဂ္ဂသမာဓိ စစ်သူကြီး မဟာဗန္ဓုလ မုံတိုင်ပင် ဆရာအရှင်ဝံသ အတုလ ဆရာတော် အရှင်ယသ မြသိန်းတန် ဆရာတော်အရှင်ဇိန အယူတော်မင်္ဂလာဦးနိုး ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ ဒီမြို့မှာ မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့ ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ် ဒီမြို့ကနေ ကောက်ကျစ်ယုတ်မာတဲ့ မြို့ဝန်ဦးမှန်း အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ် ဒီလိုနဲ့ ဒီမြို့မှာ သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ် ဒီမြို့မှာ သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ် ဒီမြို့မှာ လူငယ်လေးတစ်ယောက် သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ် ဒီမြို့မှာ အမျိုးသမီးတစ်ယောက် သေကံမရောက် သက်မပျောက်ဖြစ်ခဲ့ရတယ် ဒီမြို့မှာ အံကြိတ်ရ တက်ခေါက်ရတဲ့ အဖြစ်အပျက်တွေ ရှိခဲ့တယ်။ တစ်နေ့တော့ မိုးနည်းတဲ့ ဒီဒေသ ဆောင်းတွင်းအခါ သမယမှာ မိုးရွာဖို့မဆိုထားနဲ့ မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမဲ့ ရုတ်တရက် မိုးကြီးရွာချလိုက်တယ် ဆင်ခြေရာတွေတောင် တိမ်ကောပပျောက်သွားအောင်ရွာတဲ့ မိုးမို့ အညာအခေါ် ဆင်ရာတိမ်းမိုးတဲ့လေ။ မုံရွာ-ရေဦးလမ်းကို ဖြတ်သန်းရင်း ဒီမြို့ကို ကားပေါ်က လှမ်းကြည့်မိတဲ့အခါ အတိတ်တစ္ဆေက ငါ့ကို ခြောက်လှန့်နေလေရဲ့။ ။ ကြည်မောင်သန်းဇွန် ၂၁၊ ၂၀၀၈(မှတ်ချက် - ဇွန်လထုတ် ချယ်ရီမဂ္ဂဇင်း စာမျက်နှာ ၇ တွင် ပါရှိသော ကဗျာကို ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။ အခက်အခဲများကြောင့် ကာယကံရှင်များထံမှ ခွင့်ပြုချက် မတောင်းခဲ့ပါ။ ယခု ကဗျာ ထဲ့သွင်း ဖော်ပြမှုကြောင့် ချယ်ရီမဂ္ဂဇင်း အယ်ဒီတာ ကိုဌေးအောင်ကို အလုပ်မှထုတ်ပစ်ရန် စာပေစီစစ်ရေးက ဖိအားပေးခဲ့သည်။) |
| စိုးနေလင်း | |
| ဗုဒ္ဓဟူးနေ့၊ ဇွန်လ 25 2008 18:58 - မြန်မာစံတော်ချိန် | |
ကိုယ့်ကိုယ်ကို မာန်တင်း အားပေးခရီးဝေးသွားနေသူ သွေးတို့ဆူပွက် လှည့်ပတ်နေဆဲ သဲထဲရေသွန် နှစ်ကာလများကိုနင်းဖြတ် ကွက်လပ်တို့ကို ဖြည့်ဆည်းပေးခဲ့၏၊ မသိမိုက်မဲသူတို့သာ တိမ်လွှ့ာများကြား လျှပ်လက်ပ "တောဥပဒေသ" "တောဥပဒေသ" တဲ့ ပွန်းပဲ့တိုက်စား မျောပါ ရာသီဥတုကို ထိန်းချုပ်လာခဲ့ကြ၏။ "ဗာရဗ"* ကို ထောက်ခံကြမှတော့ ထပ်ကျော့ငိုချင်းသံရှည်က ဒီ ဖုန်းဆိုးမြေပြင်အဆုံး အနက်ရှိုင်းဆုံး ချောက်ကမ်းပါးထဲ စူးရှ (အားလုံး… ကြား ကြားသမျှ…) ဒါနဲ့ပဲ ပြီးဆုံးသွားကြတော့မှာလား။ ရွက်လွှင့်စရာ ပင်လယ် မရှိ နေချင့်စဖွယ် မြေပြင် မရှိ နတ္ထိကပင့်သက်များသာ ဒီမှာသိပ်သည်း အနယ်ကျ ညကနက်ဆဲ မိုးမလင်းနိုင်။ ကောင်းကင်တစကို မော့ကြည့်ရင်းသာ ကဗျာ တပုဒ်ကို ရှာဖွေနေမိရဲ့ သစ္စာ ။ ။ *သမ္မာကျမ်းစာလာ |
| ကျော်ဇေယျ | |
| အင်္ဂါနေ့၊ ဇွန်လ 24 2008 14:48 - မြန်မာစံတော်ချိန် | |
| နာဂစ်ရေ ရွာအဖြစ်တွေကို ရှာလစ်ဖွေလို့ ပြောပါရစေ။ နှစ်ရက် မေလ ရတတ်ပွေရ မျက်ရည်နဲ့ စခဲ့ကြပြီ။ ကောင်းကင်မှာ လေနီကြမ်း မြေပြင်မှာ ဒီရေလွှမ်း ပြည်သူတွေ ဘ၀ မျက်ရည်လမ်း ကျိုးပဲ့သစ်ပင် မိုးထဲဖြစ်အင် ကျွဲ၊နွား၊ ၀က်သေ တဲများပျက်နေ။ ချောင်းရေထုမှာ အလောင်းတွေစုပါ သောင်းမြေထု ပမာ။ စာသင်ကျောင်းတွေ ရွာအပြင် ချောင်းရေမှာ မြောခဲ့ပြီ။ နာဂစ်ရေ မင်းလာတာက တညပါ ပြည်သူတွေမှာ ဘ၀နာ အနိဋ္ဌာရဲ့ စာမျက်နှာ။ စားစရာလဲ မရှိ ခါးဗလာ နိတ္တိ သွားစရာလဲ မသိ။ သားလဲမရှိ အားနဲ့ ချိ သမီး၊ ဇနီး လဲ မရှိ ခရီးလဲ မသိ။ အဖေလဲ သေဘေး အမေလဲ အနေဝေး ကြေကွဲနေတဲ့ ကလေးတွေ။ ဆွေးရတတ် ဖြေမရ သွေးပျက်နေကြ ကလေးငယ်တွေ ဘ၀။ နေရန်လဲ မရှိ ရေ၊ ဆန်လဲ မရှိ သေရန်ပဲ ရှိ။ သင်္ခါရ ယှဉ်လာမရ ရင်နာရပြီလေ။ တူ၊သား အရင်းပမာ လူသားချင်းစာနာ “တူညီမျှကာ ... ကူညီကြပါ” ကျော်ဇေယျ(ပညာရေး) |
Monday, June 16, 2008
| စိုးနေလင်း | |
| သောကြာနေ့၊ ဇွန်လ 13 2008 22:40 - မြန်မာစံတော်ချိန် | |
| လေပြင်းမုန်တိုင်း စဲလေပြီ ဧရာဝတီကား မစီးသေး။ ဗေဒါပျံလည်း အံမခဲနိုင်ရှာ လတာပြင် ဓနိတော လမုတော သားငါးပေါသော မြစ်ချောင်းများ တောတက်ဝါးခုတ် တောင်ယာလုပ် ထမင်းတလုပ်အတွက် ထင်းခုတ်သောလက်များ စပါးပြီး စပါး အားကောင်းမောင်းသန် လက်တန်များ “ဂွာယာနီးကားမျှ ချုန်းပွဲချ တစစီ ကြေပြုန်း ကျဲမွခဲ့ကြပြီ။ အဲဒီတယောသံအလိုက် ငိုရှိုက်သံစဉ်ထပ် တေးသွားများ နားစည်ကွဲအက် သွေးစက်စက်ယိုစီး ကြီးစိုးအမှောင် ပိန်းပိတ်အောက် အညှောက် မပေါက်နိုင်ကြတော့။ လရောင်ဖျော့ဖျော့ကိုတောင် မိစ္ဆာတောင်ပံတို့ယှက်ဖုံး တတောလုံးကြွေ တတောင်လုံးကျွမ်း တခွင်လုံးကြေ လှေလှော်ရင်း ရေငတ်ကြသူများ “ဂိုဒေါ့”* ကို စောင့်နေခဲ့ကြ၏။ အဲဒီ တတိတိပွန်းစားဖြစ်စဉ်မှာ (ငါဟာ) မြစ်ရဲ့ ပြိုနေဆဲ ကမ်းပါးပေါ်က သစ်တပင် ထရိုဂျင်** မြင်းလည်း ဖြစ်လိုက်ချင်ရဲ့ ။ ။ |
Thursday, June 12, 2008
| ငြိမ်းဝေ | |||||||||||||
| ဗုဒ္ဓဟူးနေ့၊ ဇွန်လ 04 2008 12:49 - မြန်မာစံတော်ချိန် | |||||||||||||
"ငါတို့ဘ၀မြစ်များနဲ့ တူရဲ့ သေခြင်းကတော့ ပင်လယ်ကြီးပေါ့" ဆယ့်ငါးရာစု ကဗျာဆရာ "ဂျော့မားရစ်" ရဲ့ ကဗျာ နှစ်ဆယ့်တစ်ရာစုထဲက ငါ ကြေကွဲစွာ ရွတ်ဆိုမိပေါ့။ ငါလည်း ငါ့ကိုငါ မြစ်နဲ့တင်စားခဲ့ဖူးသပ "ငါဟာ ပင်လယ်ကို ရှာမတွေ့တဲ့ မြစ်တစင်းလား" ပေါ့။ လူကို မြစ်နဲ့ တင်စား ခေတ်ကို မြစ်နဲ့တင်စား ထင်ရှားတဲ့ "ကွေ့မှာ ခူးဆွတ်ကြခြင်း" * မြစ်ဟာ မကွေ့ရင်မလှဘူး ဒါ့ကြောင့် ကွေ့လိုက်တယ်ဆိုပါလား။ "ဂျော့မားရစ်" ရဲ့ တင်စားချက် သေခြင်းတရားကို ပင်လယ်နဲ့နှိုင်း ဘ၀ကို မြစ်နဲ့နှိုင်း နှိုင်းလည်း နှိုင်းတတ်ပ တို့ခေတ်က မြစ်များ မြစ်ထဲက ခေတ်များ။ ငါတို့ဟာ မြစ်တော့ မြစ်တွေပါပဲ ငါတို့ခေတ်မှာ ခက်ရာ ခက်ဆစ် ထုဆစ်ရတဲ့ မြစ်တွေပါပဲ။ ဒီမြစ်တွေ လှပဖို့ ကွေ့ချလိုက်တာ "ဒီကွေ့" က အလှကြီးလွန်းတဲ့ ကွေ့ဖြစ်ရ မြစ်တွေ သိန်းချီသန်းချီပြီး ကွေ့ချလိုက်ရ ဒီကွေ့က ရာစုနှစ် ဆယ်စုမက အတွင်း ခြေရာအထင်းဆုံး ကွေ့ကြီး တကွေ့။ ငါတို့ ဒီကွေ့မျိုး မခူးဆွတ်ချင်ဘူး ဒီကွေ့မျိုးနဲ့ မလှပချင်ဘူး ဒီကွေ့က သဘာဝလွန်ကဲ ဒီကွေ့က ဓမ္မလွန်ကဲ ဒီကွေ့က သရုပ်မှန်လွန်ကဲ ဒီကွေ့က ပဉ္ဓလက်သရုပ်မှန်လွန်ကဲ...။ ဒီကွေ့ကို "နာဂစ်" ကဖန်တီးတာတဲ့လား ဒီကွေ့ကို ဒီကွေ့က ဖန်တီးတာလား ဒီကွေ့ကို လပ္ပတ္တာ၊ ကျုံမငေး၊ ကွမ်းခြံကုန်းက ဖန်းတီးတာလား ဒီကွေ့ကို ထူးအိမ်သင်က ဖန်းတီးတာလား ဒီကွေ့ကို နေပြည်တော်က ဖန်တီးတာလား ဒီကွေ့ကို လှူဘွယ်ဝတ္တု အကူပစ္စည်းတွေက ဖန်တီးတာလား ဒီကွေ့ကို ကူပါ ကယ်ပါ တစာစာက ဖန်တီးတာလား ဒီကွေ့ကို မြန်မာ့ဇလဗေဒဌာနက ဖန်တီးတာလား ဒီကွေ့ကို ရုပ်ရှင်မင်းသား ကျော်သူ၊ ဇာဂနာ၊ ငှက်ပျော်ကြော်တို့က ဖန်တီးတာလား။ ဘယ်လိုပဲဖြစ်ပစေ တို့ဟာ မြစ် မြစ်မို့ မြစ်နဲ့တူအောင် ကွေ့ချလိုက်ပြီ။ ဒီကွေ့မှာ ဠင်းတကြီးတကောင် လပ္ပတ္တာမြို့ထိပ်မှာ လာနားသွားတယ်။ ဒီကွေ့မှာ လူမလာခင် သော့ခလောက်သံ တချွင်ချွင် အရင်ရောက်လာတယ်။ ဒီကွေ့မှာ တရားခံအချင်းချင်း ကျောချင်းကပ်သွားနိုင်တယ်။ ဒီကွေ့မှာ လူ(၁၀)ယောက် တယောက်လည်မြို တယောက်နင်းဖို့ ချောင်းနေကြတယ်။ ဒီကွေ့မှာ အလှူရှင်တွေ ပုဆိုးခြုံပြီးမှ လာခဲ့ရတယ် ဒီကွေ့မှာ ဆားငန်ရေ တခါဝင်ရုံနဲ့ လယ်တွေမပျက်နိုင်ဘူး ဒီကွေ့မှာ နံ့သာရေ ဖြန်းထားတဲ့ အပုတ်နံ့လှိုင်တယ် ဒီကွေ့မှာ မှိုနတို၊ ကနဖေါ့ ချော့ကလက်နဲ့ တော့မတန်ဘူး ဒီကွေ့မှာ လူတွေ ကားလမ်းဘေးရပ်နေတာ အမျိုးသားဂုဏ်သိက္ခာထိခိုက်တယ် ဒီကွေ့မှာ (၂) ရက်ထဲနဲ့ လူတသိန်းကျော်သေတယ် ဒီကွေ့မှာ စစ်တပ်ကြီး ဗိုက်၀၀စားဖို့ အခွင့်ထူးတွေ ရသွားနိုင်တယ်။ ဒီကွေ့မှာ ဘုရားသခင်က ပန်းသီးကို ဖန်တီး ဒီကွေ့မှာ တကိုင်းထဲမှာ သီးတဲ့ပန်းသီးတွေ ဒီကွေ့မှာ ငါတို့ ဒီသစ်ကိုင်းပေါ် နေရောင်ခြည်မရတဲ့ ဘက်မှာသီးတဲ့ ပန်းသီးတွေဖြစ်ခဲ့ပေါ့ ဒီကွေ့မှာ ဘုရားသခင်က ပျားရည်ရသူကို ဖန်တီး ဒီကွေ့မှာ မာန်နတ်က ရေငတ်သူကို ဖန်တီး ဒီကွေ့မှာ "ရှဟေ ရာဇဒီ" **အတွက် ပုံပြင်သစ်တပုဒ်ဖန်တီး။ ဒီကွေ့မှာ ထွက်ပြေးသွားတဲ့ နေရောင်ခြည်ကိုရှာကြ ဒီကွေ့မှာ ပြည့်ပြီးမှ ဆုတ်သွားတဲ့ လရောင်ကိုမျှော်ကြ ဒီကွေ့မှာ ငြိမ်သက်သွားတဲ့ စစ်မျက်နှာရယ်လို့ မရှိဘူး ဒီကွေ့မှာ မက်စီနာကျွန်းကလေးပေါ်က လူတွေ ငလျင်လှုပ်စဉ် လာကယ်ဖူးတဲ့ သင်္ဘောတွေ ကမ်းမကပ်ခဲ့ ဒီကွေ့မှာ တကိုယ်လုံး လောင်မြိုက်နေတဲ့ မြစ်ကြီး ဒီကွေ့မှာ တကိုယ်လုံး စင်းကောဖြစ်နေတဲ့ ခေတ်ကြီး ဒီကွေ့မှာ နောက်ထပ်ပစ်ကျွေးဖို့ရာ ငါတို့မှာ မျက်ရည်နဲ့သွေး မကျန်တော့။ ဒီကွေ့မှာ တချို့က လက်အုပ်ချီ ကန်တော့ခံပြီးကြေကွဲပြသတဲ့ ဒီကွေ့မှာ တချို့က ရွက်ဖျင်တဲကလေးကိုင်ကြည့် ခေါင်းကလေးထိကြည့်ပြီး ကြေကွဲပြသတဲ့ ဒီကွေ့မှာ တချို့က (၁၆)ရက်ခွာပြီးမှ ကြေကွဲပြသတဲ့ ဒီကွေ့မှာ တချို့က (၉၂) ရာခိုင်နှုန်းကျော်နဲ့ ကြေကွဲပြသတဲ့ ဒီကွေ့မှာ ပြောသမျှစကား လောက်တဖွားဖွားနဲ့ ကြေကွဲပြသတဲ့။ ဒီကွေ့မှာ ငါတို့ နောက်တခါ သစ္စာဖောက်တာခံခဲ့ရပြီ ဒီကွေ့မှာ ငါတို့ မျိုးဆက်ပွားဖို့အတွက် ကြဲပက်စရာ မျိုးစေ့မရှိတော့ဘူး။ ဒီကွေ့မှာ ငါတို့ ဘက်မညီတဲ့ စစ်ကို တိုက်ခဲ့ကြရပြီ။ လာကြ စစ်ဆိုတာက စစ်အချင်းချင်းပဲ ငြိတယ် လာကြ မြစ်ဆိုတာက မြစ်အချင်းချင်းပဲ ကြည့်တယ် လာကြ ခေတ်ဆိုတာက ခေတ်အချင်းချင်းပဲ ထိတယ်။ အိုမြစ်ကြီး အိုခေတ်ကြီး သင့်ကို ငါတို့ ထမ်းခဲ့ပြီ။ အိုမြစ်ကြီး အို ခေတ်ကြီး သင့်ကို ငါတို့ ဆွတ်ခူးလိုက်ကြပြီ ငါတို့ ဆွတ်ခူးသမျှ ငါတို့ ဆွတ်ခူးနေသမျှ ငါတို့မရစရာ ဘာအကြောင်းမျှမရှိ။ ငါတို့ ဟောဒီခေတ်ရဲ့ သစ်မြစ်တွေ နက်နက်ဆင်းလေ ရေတွေ့လေ။ ငါတို့ မြစ်နဲ့တူသော မြစ်တွေ ခေတ်နဲ့တူသော ခေတ်တွေ တူးဆွရပေလိမ့်။ ငါတို့ ရင်းခဲ့ပြီ ငါတို့ စိုက်ခဲ့ပြီ ငါတို့ ကွေ့ချလိုက်ပြီးပြီ အို မြစ်ကြီး အို ခေတ်ကြီး သင့်ရေစီးသံ တဒီးဒီး မောင်းသံ တဟီးဟီး။ ။ ငြိမ်းဝေ အရိုင်းတေးသံ
ဝဋ်ကြွေး
|
Tuesday, May 20, 2008
| X၀ိုက်ဇက် | |
| အင်္ဂါနေ့၊ မေလ 20 2008 19:14 - မြန်မာစံတော်ချိန် | |
ပထမ သတင်းအမှောင်ချတယ် ထမင်းအမှောင်ချတယ် ရေဖြတ် မီးဖြတ် ဖုန်းဖြတ် အားလုံးကို ဖြတ်တောက်တယ်။ မိခင်တခြား၊ ကလေးငယ်တခြား မယားတကွဲ၊ သားတကွဲ ဒကာတခြား၊ ဆရာတခြား တချို့ သေကွဲ တချို့ ရှင်ကွဲ ဒင်းတို့ ဖြတ်လိုက်တာ။ ရန်သူမျိုး (၅) ပါးနဲ့ တိုင်းပြည်မှာ အခု အမှောင်ကျနေပြန်ပြီ၊ ဒါတောင် ဒင်းတို့က ဖြတ်လို့ကောင်းတုန်း။ X၀ိုက်ဇက် |
Thursday, May 8, 2008
| AMT | |
| ဗုဒ္ဓဟူးနေ့၊ ဧပြီလ 23 2008 18:28 - မြန်မာစံတော်ချိန် | |
| ပထမ AMT |

လူအချင်းချင်း… မီးထက်ပြင်းတဲ့ ထိုးနှက်မှုတွေ
ကိုယ့်ကိုယ်ကို မာန်တင်း အားပေး
"ငါတို့ဘဝ
ခုတချီ