News Article Photo Poem Video Cartoon Music Radio

Thursday, January 17, 2008

0 comments
မပျော်သူတယောက် ( ၂ )

လက်ျာစက်တင်
Friday, 18 January 2008 00:47 - မြန်မာစံတော်ချိန်
Unhappy One

ဖုန်သုတ်ပြီး
အတိတ်ကို အိပ်မွေ့ ချထားချင်ပါတယ်။

နေ့စဉ်သောကနဲ့
နေ့စဉ်ဒေါသနဲ့
ထူးမခြားနားနေ့တွေ။

ဘယ်လမ်းက ဘယ်ခရီးရောက်သတဲ့
ဘယ်လမ်းက ဘယ်ရနံ့ဆောင်မှာပါလိမ့်။
ဇာတ်သိမ်းနီးပြီ။ ။

လက်ျာစက်တင်

Monday, October 29, 2007

0 comments
“ရှစ်လေးလုံး”

တိုင်းတပါးကျွန်
စစ်တပ်ကျွန်
ဘယ်ကျွန်မှမခံ
ဒေါင်းအလံဟေ့
ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံပြန်စိုက်မယ်။
မင်းကိုနိုင်

Monday, October 22, 2007

0 comments
၂၀၀၇ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့တွင် ကျရောက်သော ကိုမင်းကိုနိုင် (၄၅)နှစ်ပြည့် မွေးနေ့အတွက်.....

နှင်းခက်သံလွင်

၁၈ အောက်တိုဘာ၊ ၂၀၀၇

“သူရဲကောင်း မင်းကိုနိုင်သို့ သစ္စာစကား”


ရဲဘော်ကြီးမင်းကိုနိုင်

ခင်ဗျားဟာ ကျနော်တို့ခေတ်ရဲ့ သူရဲကောင်းပါ

သို့မဟုတ် ဗမာ့ခေတ် သမိုင်းသစ်မှာ အတောက်ပဆုံး ကြယ်တစ်ပွင့်ပေါ့…


ကိုလိုနီခေတ်မှာ ကိုအောင်ဆန်း

ဒီကနေ့ခေတ်မှာ ခင်ဗျား ကိုမင်းကိုနိုင်

ခွပ်ဒေါင်းအလံကို အမြင့်မားဆုံး လွှင့်ထူရင်း

ရာဇ၀င်တေးတွေကို အကျယ်လောင်ဆုံး သီကြွေးရင်း

သမိုင်းခေတ် သစ်ကို မော်ကွန်းသစ် ထိုးနိုင်ခဲ့ကြပြီ….


ကျနော်အလေးပြုပါတယ်

ခင်ဗျားအမြင့်ဆုံး အတောက်ပဆုံး ဆက်လက်ချီတက်ပါ

ခင်ဗျားနောက်က ကျနော်တို့ သစ္စာမြဲစွာ ခိုင်ကြည်စွာ

မဖောက်မလွဲ တသွေမတိမ်း လိုက်ခဲ့ပါ့မယ်….


အားတင်းထားပါရဲဘော်ကြီး…အားတင်းထားလိုက်ပါဦး

ဟောဟိုမှာ….ငတ်မွတ်နေတဲ့ ငိုကြွေးနေတဲ့ ချိနဲ့အားနည်းနေတဲ့ ပြည်သူတွေ

ခင်ဗျားကို အားကိုးတကြီး စောင့်မျှော်နေကြပါတယ်….


ရာဇ၀င်လည်း တခေတ်ဆန်းပါပြီ

ရောင်နီလည်း သစ်ပါပြီ

ကျုပ်တို့ဆက်၍ ချီတက်ကြမယ်

ကျုပ်တို့ဆက်၍ချီတက်ကြရမယ်….။

Sunday, October 21, 2007

0 comments
“သမိုင်းရေးသူများ”


“ဟင်းလင်းပြင်သို့အန်ချခြင်း”

Thursday, October 18, 2007

ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ်

0 comments
သုည တစ်လုံးဟာ
ဘယ်တော.မှေ့ ရှဆုံးမှာ မနေသင့် ဘူး။

မင်းတို့ နေရာပျောက်မှာကြောက်တာနဲ့ 
ခန်းမတစ်ခုလုံး ဖျောက်ထားရသလား။

မိုးကြိုး လျှပ်စီးရယ်…
မင်း… ငါတို့ ကို ပစ်ခတ်ပြာချလည်း
မင်းလည်း ခဏပဲ လင်းမှာပါ။
လမင်းတော့ ဖြစ်လာမှာ မဟုတ်ဘူး။

သူငယ်ချင်းတို့ ရေ…
မိုးတိတ်မှ အပြင်ထွက်မယ်ဆိုတဲ့  စိတ်ဓာတ်တွေနဲ့ တော့ 
ဘယ်ကိုမှ ရောက်မှာ မဟုတ်ဘူး။

ယုံကြည်ချက်တွေကိုထမ်းပြီး
ကမ္ဘာသစ်ဆီသွားမယ်. လမ်းဟာ
ကြမ်းတော့ ကြမ်းလိမ့် မယ်။

ေ့ ရှမှာလည်း
တစ္ဆေတစ်ကောင်
သေနတ်ကိုင်ပြီး စောင့် နေတယ်။

တစ္ဆေမကြောက်သင့် တဲ့ အချိန်မှာတော့ 
မျက်လုံးတွေ ကန်းသင့် ရင် ကန်းထားရလိမ့် မယ်။


ပြီးတော့ 
တောက်ပနေတဲ့ မျက်လုံးအသစ်တွေနဲ့ 
အိမ်မက်တွေကိုပဲ တည့် တည့် ကြည့် ပြီး
ရဲရဲဝ့ံဝံ့လျှောက်ရအောင်။

မီးပျက်နေတဲ့ ညတွေမို့ 
ကြယ်တွေပြိုင်တူလင်းဖို့ လိုတယ်။

ကောင်းကင်ကို

ငါနေတဲ့ နေရာ

0 comments
ငါနေတာ လင်းတလှည့် မှိန်တလှည့် ကြယ်မြို. လေး တမြို့ မှာ


ငါနေတာ မီးလင်းနေရင် ဘယ်လိုမှမအိပ်တတ်တဲ့ ဇီဇာကြောင်တဲ့ မြို့ လေးမှာ

ငါနေတာ “ဧည့်သည်လာရင် မကြည်ဖြူတဲ့အိမ်ရှင်မ” နဲ့ တူတဲ့ မြို့ လေးမှာ
(ဧည့် စာရင်း တိုင်ရတယ်ဗျာ။ သံတော်ဦးတင်ရတယ်။)

ငါနေတာ တစ်နာရီလောက် ငရဲခံဖို့ အရေး ၁၀၀ ကျပ်ပေးရတဲ့ မြို့ လေးမှာ

ငါနေတာ သန့် ရှင်းစေချင်လို့ မိုးစက်တွေနဲ့ ရေချိုးပေးကာမှ တကိုယ်လုံးက အနာတွေစိုရွှဲပြီး ပိုညစ်ပတ်သွားတဲ့  မြို့ လေးမှာ

ငါနေတာ ပထွေးကမဆင်လို့  တနေ့ တခြား စုတ်ခြာလာတဲ့  “သူဆင်းရဲမ”မြို့ လေးမှာ

ငါနေတာ ပထွေးကိုရွံလို့ ပတ်ဝန်းကျင်က ဝိုင်းကြဉ်ထားတဲ့  “အထီးကျန်မ” မြို့ လေးမှာ

ငါနေတာ နာတာရှည်နိုင်ငံရေးဝေဒနာတနေ့ တခြား ဆိုးရွားလာတဲ “့လူမမာမ”
မြို့ လေးမှာ။

ငါနေတာ မနှစ်ကမှ လင်ဆိုးကြီးနဲ့ ကွာရှင်းခွင့် ရလိုက်တဲ့  “တခုလပ်မ” မြို့ လေးမှာ (ပျဉ်းမနားပြောင်းသွားပြီလေ။)

ငါနေတာ နေပူနေတာတောင် “ခမောက်”ဆောင်းကြည့် ခွင့် မရတဲ့ မြို့ လေးမှာ

ကောင်းကင်ကို

2 comments
ကဗျာချစ်သူ

ငါဟာ ကဗျာလမင်း
ညကိုချစ်လို့ သာတာ။
ငါ့ နဂိုအစစ်မို့ ဝါတာ။
ဘာမျှော်လင့် ချက်မှမပါဘူး
ကမ္ဘာဦး ကတည်းကလင်းခဲ့ တာ။

ငါဟာ ကောင်းကင်
အမြင့် တက်ချင်စိတ်နဲ့ ငါနေတာ။
ရင့် ကျက်ချင်စိတ်နဲ့ ပြာနေတာ။

ငါဟာ ကဗျာသီချင်းသီချင်တဲ့ 
မဟာ နှင်းဆီတပွင့် ။
ဥယျာဉ်မှာ မွှေးပျံ့ စေဖို့ အတွက်
အနုပညာပေးဖြန့် ဝေဖို့ ဟာ
ပန်းပွင့် တိုင်းရဲ့ အလုပ်။

ငါ့ ကဗျာသီချင်းသစ်တွေ
ကမ္ဘာ့ သတင်းဖြစ်စေရမယ်။

လေပြင်းတွေလာခြွေလို့ 
သေမင်းဆီငါကြွေသွားရင်တောင်
ကဗျာတွေကိုစုပ်ခဲ့ တဲ့ နှုတ်ခမ်းနဲ့ 
ကမ္ဘာမြေကိုနှုတ်ဆက်နမ်းခဲ့ မယ်။

ကောင်းကင်ကို
 

Copyright 2008 All Rights Reserved Revolution Two Church theme by Brian Gardner Converted into Magazine Template by Bloganol dot com